ရေညှိစားသုံးခြင်းရဲ့ အကျိုးကျေးဇူးများ

ဗီတာမင်နဲ့ သတ္ထုဓာတ်များကြွယ်ဝခြင်း

ရေညှိမှာ calcium ၊ magnesium ၊ zinc ၊ iron နဲ့ selenium ဓာတ်များကြွယ်ဝစွာ ပါဝင်တဲ့အပြင် iodine ဓာတ်ကိုလည်း အပြည့်ဝဆုံး ဖြည့်ဆည်းပေးနိုင်ပါတယ်။

DHA နဲ့ EPA omega-3 fatty acid များကြွယ်ဝခြင်း

ရေညှိမှာ DHA နဲ့ EPA omega-3 fatty acid များကြွယ်ဝစွာ ပါဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။

အစာခြေစနစ်ကို ကောင်းမွန်စေခြင်း

ရေညှိမှာ ဗီတာမင်နဲ့ သတ္ထုဓာတ်များကြွယ်ဝစွာ ပါဝင်တာကြောင့် အစာခြေစနစ်ကို ပိုမိုကောင်းမွန်စေပါတယ်။

အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်း

ရေညှိမှာ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်တဲ့ အစွမ်းသတ္တိရှိတဲ့အပြင် အသက်ရှုလမ်းကြောင်းမှ တစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်ရုံသာမက ကင်ဆာရောဂါများဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

အမျှင်ဓာတ်ကြွယ်ဝခြင်း

ရေညှိမှာ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် အူအတွင်းမှာ ဘက်တီးရီးယားပိုးမွှားတွေ ပေါက်ဖွားခြင်းကို လျော့နည်းစေပါတယ်။ ရေညှိစားသုံးခြင်းဖြင့် အစာခြေလမ်းကြောင်းတစ်လျှောက်မှာ ဘက်တီးရီးယားများကြောင့် ဖြစ်ပွားတတ်တဲ့ ရောဂါများရန်မှလည်း ကာကွယ်ပေးနိုင်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *