ရေနှင့် ကျန်းမာရေး

လူ့ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကို ရေနဲ့ဖွဲ့စည်းထားပါတယ်။ ခန္ဓာကိုယ်လည်ပတ်မှုကို ရေဓာတ်မပါဝင်ဘဲ လုပ်ဆောင်လို့မရပါဘူး။  နေ့စဉ်နေထိုင်မှုဘဝမှာ ရေဓာတ်ဆုံးရှုံးမှုရှိပြီဆိုရင် ခန္ဓာကိုယ်ရဲ့ အဓိကလုပ်ဆောင်ချက်တွေမှာ ထိရောက်မှုရှိစေနိုင်ပါတယ်။ ရေဓာတ်က ခန္ဓာကိုယ်အတွက် ဘယ်လောက်အရေးကြီးလဲဆိုတာကို လေ့လာကြည့်ရအောင်။

၁။ “ထမင်းအသက် ၇ ရက်၊ ရေအသက် တစ်မနက်” ဆိုတာကို ကြားဖူးကြမှာပါ။ သင့်ခန္ဓာကိုယ်က ရေဓာတ်မရရှိတော့ဘူးဆိုရင် ပတ်ဝန်းကျင်ပေါ်မူတည်ပြီး အများဆုံး တစ်ပတ်အထိသာ အသက်ရှင်နိုင်မှာ ဖြစ်ပါတယ်။

၂။ ရေဓာတ်ပြည့်ဝနေခြင်းက အူမကြီးကင်ဆာဖြစ်နိုင်ချေကို  ၄၅ ရာခိုင်နှုန်း၊ ဆီးအိမ်ကင်ဆာ ဖြစ်နိုင်ချေကို ၅၀ ရာခိုင်နှုန်း လျော့ကျစေနိုင်တဲ့အပြင် ရင်သားကင်ဆာဖြစ်နိုင်ချေကိုပါ လျော့ကျစေနိုင်ပါတယ်။

၃။ လေ့လာတွေ့ရှိချက်များအရ ရေဓာတ်ဆုံးရှုံးမှုက စိတ်ခံစားချက်အပေါ် သက်ရောက်မှုရှိစေပါတယ်။ စိတ်ကြည်လင်စေဖို့အတွက် ရေများများသောက်သင့်ပါတယ်။

၄။ ခန္ဓာကိုယ်တစ်ရှူးတွေရဲ့ ၇၅ ရာခိုင်နှုန်းကို ရေတွေနဲ့ဖွဲ့စည်းထားတာကြောင့် ရေဓာတ်ဆုံးရှုံးရင် မောပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း စတာတွေ ခံစားရစေမှာပါ။

၅။ သင့်အနေနဲ့ ရေဆာရင်ပဲဖြစ်ဖြစ်၊ ဗိုက်ဆာရင်ပဲဖြစ်ဖြစ် ခန္ဓာကိုယ်က အချက်ပေးတာကို ခံစားရမှာပါ။ ရေဓာတ်ပြည့်ဝနေခြင်းက ဗိုက်ဆာတာကို ဖြည့်ဆည်းပေးနိုင်တာကြောင့် ကိုယ်အလေးချိန်ချဖို့ ကြိုးစားနေတဲ့သူတွေအနေနဲ့ ရေများများသောက်ပေးသင့်ပါတယ်။

၆။ ဒါ့အပြင် ရေဓာတ်ပြည့်ဝနေခြင်းက အရိုးအဆစ်တွေ နာကျင်တာကို လျော့နည်းစေပါတယ်။

၇။ အစာခြေစနစ် ကောင်းမွန်စွာလည်ပတ်ဖို့အတွက် ရေဓာတ်လိုအပ်ပါတယ်။ ခန္ဓာကိုယ်က အညစ်အကြေးအဆိပ်အတောက်တွေအားလုံးကို ချွေး ဒါမှမဟုတ် ဆီးအဖြစ်နဲ့ စွန့်ပစ်ပါတယ်။ ရေလုံလောက်စွာမသောက်ပါက ခန္ဓာကိုယ်မှာ အဆိပ်အတောက်တွေ စုနေပါလိမ့်မယ်။

၈။ တစ်ခါတစ်ရံမှာ ရေဓာတ်ဆုံးရှုံးမှုကြောင့် ခေါင်းကိုက်ဝေဒနာကို ခံစားရတတ်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်လာပြီဆိုရင် ရေသောက်ဖို့ သတိရပါ။

၉။ ရေများများသောက်ခြင်းက အသားအရေကို စိုပြေစေပါပြီး ချွေးပုံမှန်ထွက်စေတာကြောင့် ခန္ဓာကိုယ် အပူချိန်ကိုလည်း မျှတစေပါတယ်။

၁၀။ သွေးလည်ပတ်မှုအတွက် ရေဓာတ်က မရှိမဖြစ်လိုအပ်ပါတယ်။ ခန္ဓာကိုယ်အတွင်းက လည်ပတ်မှုစနစ်အားလုံးကို ရေတွေကတစ်ဆင့် လုပ်ဆောင်နေရတာကြောင့် ရေဓာတ်ပြည့်ဝမှ ကျန်းမာတဲ့ဘဝကို ရရှိနိုင်ပါလိမ့်မယ်။

Leave a comment

Your email address will not be published. Required fields are marked *