ရေမသောက်ပဲ သကြားဓာတ်ပါဝင်တဲ့ အချိုရည်သောက်ခြင်းဟာ အ၀လွန်ရောဂါပိုမိုဖြစ်စေ

ဆယ်ကျော်သက်အရွယ် ကလေးတွေဟာ အချိုကိုကြိုက်နှစ်သက်ကြတတ်ပါတယ်။ မိဘများကလည်း ကလေးတွေကို ရေသောက်စေမယ့်အစား ကလေးတွေရဲ့ အလိုကိုလိုက်ကာ အသင့်သောက်သုံးလို့ရတဲ့ အချိုရည်ဗူးတွေကို တိုက်လာ ကြတာတွေ့ရပါတယ်။ ဒါ့ကြောင့် ကလေးတွေဟာ အရွယ်မတိုင်မီမှာပဲ အဝလွန်ရောဂါကိုခံစားကြရတာဖြစ်ပါတယ်။ သု တေသီတွေရှာဖွေတွေ့ရှိချက်အရ ရေလည်းသောက် အချိုရည်လည်းသောက်သော ကလေးထက် ရေလုံးဝမသောက်ပဲ အချိုရည်ပဲသောက်တဲ့ ကလေးက ပိုမိုပြီး အဝလွန်ရောဂါကို ဖြစ်ပွားစေကြောင်း တွေ့ရှိခဲ့ရပါတယ်။

အသက် ၂နှစ်မှ ၁၉နှစ် အရွယ်ရှိ ကလေးပေါင်း ၈၄၀၀ကို ၂၀၁၁ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ၅နှစ်တိတိ အမေ ရိကန် ရောဂါပိုးမွှားများ ကာကွယ်ရေးနဲ့ ကုသရေး အဖွဲ့ချုပ်မှ စောင့်ကြည့်ပြီး သုတေသနပြုလုပ်ခဲ့ရာမှာ ကလေးတွေရဲ့ ကယ်လိုရီတွေဟာ ၂၄နာရီပြည့်တိုင်းမှာ တိုးတိုးလာတာကို တွေ့ရှိခဲ့ရပါတယ်။ ကလေး ၅ ဦးကို ရေလုံးဝမသောက်စေပဲ ထားပြီး စူးစမ်းလေ့လာခဲ့တဲ့အခါ အဲဒီ ၅ ဦးဟာ တစ်ရက်ကို သာမန်ကလေးတွေထက် ၉၃ ကယ်လိုရီ ပိုများနေတာကို တွေ့ရှိခဲ့ပါတယ်။ဒါ့အပြင် အဲဒီကလေးတွေကို အချိုရည်သောက်စေတဲ့အခါမှာ ကယ်လိုရီပမာဏ ၄.၅% ပိုတိုး လာတာ ကို တွေ့ရှိခဲ့ရပါတယ်။

အဲဒီလို ကယ်လိုရီတိုးမှုဟာ အသက်အရွယ်၊ လူမျိုးနဲ့ စားသောက်မှုပုံစံတွေအရ တစ်ဦးနှင့် တစ်ဦး မတူညီတာကို တွေ့ရှိခဲ့ပါတယ်။ ဥပမာအားဖြင့် Caucasian လူမျိုး ကလေးငယ်တွေဟာ ရေမသောက်ပဲ အချိုရည်သောက်သုံးပါက တစ်နေ့ကို ၁၂၂ ကယ်လိုရီတိုးပြီး Hispanic ကလေးတွေကတော့ ၆၁ ကယ်လိုရီ အထိတိုးနိုင်ကာ African American ကလေးတွေကတော့ ၉၃ ကယ်လိုရီအထိတိုးနိုင်ကြောင်း သိရှိခဲ့ရပါတယ်။

ရေသောက်ခြင်းအားဖြင့် ကယ်လိုရီတိုးမှုကို လျော့ချစေနိုင်တာကို သိရှိခဲ့ရသော်လည်း ရေပမာဏဘယ်လောက် သောက်ရင် ကယ်လိုရီ ဘယ်လောက် လျော့ကျစေလဲဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။ သုတေသီများက အသက် ၂နှစ်နှင့် အထက် ကလေးငယ်များဟာ တစ်ရက်မှာ သကြား ၂၅ဂရမ်သာ စားသုံးသင့်ကြောင်းနဲ့ တစ်ပတ် မှာ သကြား ၈အောင်စ သာစားသုံးသင့်ကြောင်း ဖော်ပြခဲ့ပါတယ်။

ယနေ့ခေတ်ကလေးများဟာ သကြားစားသုံး သင့်တဲ့ ပမာဏထက်ပိုမိုစားသုံးနေကြတဲ့အတွက် အဝလွန်ရောဂါဖြစ်ပွားမှု ပိုမိုတိုးပွားလာတာဖြစ်ပါတယ်။ဒါ့ကြောင့် အုပ်ထိန်းသူများအနေနဲ့ ကလေးများကို အချိုရည်သောက်မည့်အစား ရေကိုသာ များများ သောက်သုံးစေခြင်းအားဖြင့် အဝလွန်ရောဂါကို ကာကွယ်နိုင်သလို အခြားသော ရောဂါများကိုလည်း ကာကွယ် နိုင်မှာဖြစ်ပါတယ်။ မလွဲမသွေ အချိုရည်သောက်သုံးရမယ်ဆိုရင်လည်း အသင့်သောက်သုံးလို့ရတဲ့ အချိုရည်ဗူးတွေကို မသောက်စေပဲ ချက်ချင်းဖျော်သောက်ရတဲ့ အသီးဖျော်ရည်တွေ၊ သံပရာရည်တွေ၊ လိမ္မော်ရည်တွေကိုသာ သောက်သုံး သင့်ပါတယ်။ အားလုံးပဲ ရေသောက်ပြီး ကျန်းမာတဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

Source : CNN News

Leave a comment

Your email address will not be published. Required fields are marked *