ရှန်ဟိုင်းတွင် လူအုပ်ထဲသို့ ကားဝင်တိုက်မှုဖြစ်ပွားရာ ၁၈ဦး ဒဏ်ရာရ

ဖေဖော်ဝါရီလ ၂ရက်နေ့ မနက်ပိုင်းအချိန်တွင် တရုတ်ပြည် ရှန်ဟိုင်းရှိ လူအသွားအလာ ရှုပ်ထွေးနေသော Starbucks ကော်ဖီဆိုင်ရှေ့တွင် လူအုပ်ထဲသို့ ဗင်ကားတစ်စီး ဝင်တိုက်ခဲ့ရာတွင် ၁၈ဦး ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်။

ကားဟာ လူအုပ်ထဲသို့ ဝင်တိုက်ပြီး မီးလောက်မှုပါ ဖြစ်ပွားခဲ့ပါတယ်။ ယာဉ်မောင်းသူကိုယ်တိုင်လည်း ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး သူပြောတာကတော့ ကားဟာထိန်းချုပ်မှု လွတ်သွားလို့ အခုလိုဖြစ်ရတာဖြစ်တယ်လို့ ရဲတွေကို ပြောပါတယ်။ မီးလောက်မှုဖြစ်ပွားရတာဟာ ယာဉ်မောင်းသောက်နေနဲ့ စီးကရက်မှ အစပြုခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။ သို့သော် မီးလောင်မှုနှင့်ပတ်သက်ပြီး ကားပေါ်တွင် တရားမဝင် ပစ္စည်းများသယ်ဆောင်လာခြင်းကြောင့် ဖြစ်တယ်လို့လည်း ဝေဖန်မှုတွေရှိနေပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ၃ဦးကတော့ အခြေအနေ မကောင်းဘူးလို့ ရဲတပ်ဖွဲ့များ၏ပြောပြမှုအရ သိရှိရပါတယ်။ အခင်းဖြစ်ပြီးနောက် ထိုနေရာကို အမြန်ဆုံး ရှင်းလင်းခဲ့ပြီး ကားပေါ်တွင် လူ၆ဦးထိ လိုက်ပါလာခဲ့သည်ဟု ယုံကြည်ရကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *