ရှမ်းပြည်မြောက်ပိုင်းမှာ ဘိန်းထုတ်လုပ်သူများနေထိုင်သည့်နေရာကို ရှာဖွေတွေ့ရှိ

ဖေဖော်ဝါရီလ ၁၅ရက်နေ့ မွန်းလွဲ ၁နာရီခန့်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ လွယ်ခန်းရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၀၀၀ခန့်အကွာတွင် လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များက မူးယစ်ဆေးဝါးထုတ်လုပ်သော နေရာတစ်ခုကို တွေ့ရှိခဲ့ပါတယ်။

၎င်းနေရာမှာ တဲ ၁၅လုံးရှိပြီး REEZER သုံးလုံး၊ မီးစက်ကြီး သုံးလုံး၊ ဆီနှင့်အက်စစ်များထည့်ထားသည့် ပီပါ ၅၀ လုံး၊ အက်စစ်ပုံး ၃၀ လုံး၊ ဘိန်းချက်ရာတွင်အသုံးပြုသည့် ဖန်ပေါင်းအိုး ငါးလုံး၊ ဂက်စ်အိုးကြီး ၁၀ လုံး၊ ဒစ်ဂျစ်တယ်ကတ္တား တစ်လုံးနှင့် ပြောက်ကျားယူနီဖောင်း ၁၅ စုံတို့အား သိမ်းဆည်းရမိခဲ့တယ်လို့ သိရှိရပါတယ်။

ထိုသို့သိမ်းဆည်းရမိခဲ့သော ပစ္စည်းများကို ကွတ်ခိုင်မြို့နယ်ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း ပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *