ရှရှားနိုင်ငံ မော်စကိုမြို့တွင် လူနေအိမ် တစ်လုံးမီးလောင်မှုဖြစ်ပွား

ရှားရှားနိုင်ငံ မော်စကိုမြို့ အနောက်တောင်ပိုင်း Kaluga ဒေသမှာ ဒီဇင်ဘာ ၂ ရက်နေ့တုန်းက လူနေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ ၇ ဦး သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ ကယ်ဆယ်ရေးသမားများ၏ ပြောပြချက်ကို ကိုးကားပြီး TASS သတင်း အေဂျီစီက ဖော်ပြခဲ့ပါတယ်။

မီးလောင်မှုသည် ဒေသစံတော်ချိန် နံနက် ၄နာရီ၅၀မိနစ်တွင် စတင်ဖြစ်ပွားခဲ့ပြီး မီးသတ်သမား ၂၀ ဦး မီးသတ်ကား ၅ စီးဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရပြီး ၄၅ မိနစ်ကြာအောင်လောင်ကျွမ်းခဲ့ကြောင်း သိရပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် အမျိုးသား ၄ ဦး ၊အမျိုးသမီး ၁ဦး ၊အမျိုးသမီးငယ် ၂ဦး တို့ သေဆုံးခဲ့ရကြောင်း သိရှိရပါတယ်။မီးလောင်မှု ဖြစ်ပွားရခြင်း အကြောင်းအရင်နဲ့ ဖြစ်ပွားရခြင်း၏ အချက်အလက်တွေကို ဆက်လက်စုံစမ်းနေကြောင်း လဲသိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *