ရှုံးနိမ့်ခြင်းမှ ပြန်လည် ရပ်တည်လာနိုင်သော နည်းလမ်းများ

လောကကြီးမှာ အကောင်းနဲ့အဆိုး ဒွန်တွဲနေသလိုပဲ ကျရှုံးခြင်းနဲ့ အောင်မြင်ခြင်းဟာလည်း အမြဲတွဲလျက်ရှိနေပါတယ်။လူတိုင်း ကျရှုံးမှုနဲ့မကင်းပါဘူး။ ကမ္ဘာပေါ်ရှိတဲ့ အောင်မြင်ကျော်ကြားတဲ့လူတွေမှာတောင် အစပိုင်းတွေမှာ ကျရှုံးမှုတွေနဲ့ ဆက်တိုက်ကြုံခဲ့ရတာပါ။ အောင်မြင်မှုဆိုတာ ဒီလိုကျရှုံးမှုတွေ၊ အမှားတွေက တစ်ဆင့်ဖြစ်လာတာပါ။ ကျရှုံးမှုတွေဟာ သင့်လုပ်ခဲ့သမျှ အလုပ်တွေကို ဆုံးရှုံးစေတာ အမှန်ပါ။ ဒါပေမယ့် သင့်အနေဖြင့် လက်မလျှော့သင့်ပါဘူ။ ယခု သင့်ကို အမှားတွေက သင်ယူပြီး အောင်မြင်မှုဆီ သွားနိုင်မယ် နည်းလမ်းတွေကို ဖော်ပြပေးသွားပါမယ်။

၁။ သင့်ရဲ့ ရှုံးနိမ်မှု (သို့) အမှားကို လက်ခံရပါမယ်။

၂။ ဒီလိုအမှားတွေအတွက် စိတ်ညစ်တာတွေရှိတာကိုလည်း လက်ခံရပါမယ်။

၃။ အမှားတွေကနေ သင်ခန်းစာယူပြီး အစကနေ ပြန်စရပါမယ်။ 

၄။ အမှားအတွက်လည်း တာဝန်ယူတတ်တဲ့စိတ်အပြည့်အဝရှိရပါမယ်။

၅။ သင့်အတွက် ရှုံးနိမ့်ခြင်းက ဘာလဲဆိုတာကို ကိုယ်ပိုင် အဓိပ္ပာယ်ဖွင့်ထားရပါမယ်။

၆။ ထိုအမှားအတွက် စိတ်ညစ်တဲ့အချိန်ကို အနည်းငယ်သာထားပြီး သင့်အတွက် အမှားပြင်စရာရှိတာကို ပြင်ကာ ရှေ့သို့ လျှောက်လှမ်းရမှာပဲဖြစ်ပါတယ်။

၇။ နောက်ဆုံးအရေးအကြီးဆုံးကတော့ ဘယ်တော့မှ လက်မလျော့လိုက်ပါနဲ့ နောက်မဆုတ်လိုက်ပါနဲ့ တွေဝေမနေပါနဲ့ ရှေ့ဆက်တိုးမလို့ကိုပဲ အကောင်းဆုံးဖြစ်မဲ့ နည်းလမ်းတွေကို ရှာဖွေပါ။ ပြဿနာတိုင်းမှာ ဖြေရှင်းလို့ရတဲ့ အဖြေဆိုတာရှိပြီးသားပါ။

Leave a comment

Your email address will not be published. Required fields are marked *