လက်ဆေးခြင်းနဲ့ ကျန်းမာရေး

လက်ဆေးခြင်းက ရောဂါပိုးမွှားကူးစက်ခြင်းရန်မှ ကာကွယ်နိုင်တဲ့အပြင် အရေးကြီးတဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှု လုပ်ငန်းစဉ်တွေထဲက တစ်ခုဖြစ်ပါတယ်။ လက်နဲ့ လက်သည်းတွေ သန့်ရှင်းဖို့အတွက် လက်ကိုမှန်မှန်ကန်ကန် ဆေးကြောကြဖို့လိုပါတယ်။

လက်ဆေးတဲ့အခါမှာ လက်ဖဝါး၊ လက်ချောင်းလေးတွေ၊ လက်ဖမိုးနဲ့ လက်ကောက်ဝတ်အထိ ဆပ်ပြာနဲ့ သေချာတိုက်ချွတ်ဆေးကြောဖို့ လိုပါတယ်။ လက်ဆေးပြီးတဲ့အခါမှာ ခြောက်သွေ့အောင်သုတ်ဖို့ အသုံးပြုတဲ့ အဝတ်ကလည်း သန့်ရှင်းနေဖို့လိုပါတယ်။ မသန့်ရှင်းတဲ့အဝတ်နဲ့ လက်သုတ်မိရင် လက်မှာရောဂါပိုးမွှားတွေ ပြန်လည်ကပ်ညိနေတတ်ပါတယ်။

 

ဒဏ်ရာတွေကို မကိုင်တွယ်မီနဲ့ ကိုင်တွယ်ပြီးချိန်၊ လူနာတွေကို ထိတွေ့ကိုင်တွယ်ပြီးချိန်၊ မွေးကင်းစကလေးငယ်တွေကို မကိုင်တွယ်မီနဲ့ ကိုင်တွယ်ပြီးချိန်၊ အစားအစာတွေ မစားမီနဲ့ စားပြီးချိန်၊ သန့်စင်ခန်းအသုံးပြုပြီးချိန်၊ တိရစ္ဆာလေးတွေကို ကိုင်တွယ်ပြီးချိန် စတဲ့အချိန်တွေမှာ လက်ဆေးသင့်ပါတယ်။

လက်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေက တစ်ခါတစ်ရံမှာ အသက်အန္တရာယ်အထိ ခြိမ်းခြောက်နိုင်ပါတယ်။ ဒါကြောင့် ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ဖို့အတွက် လက်ဆေးခြင်းအကျင့်ကို မွေးမြူသင့်ကြောင်း အကြံပြုလိုက်ပါတယ်။

Leave a comment

Your email address will not be published.