လက်ရှိ အီလက်ထရစ်ကားထဲမှာ ရေပန်းအစားဆုံးဖြစ်လာမယ့် VW Type 20

Volkswagen (VW) ရဲ့ bus အသေးစားပုံစံဖြစ်တဲ့ microbus ကို ရုပ်ရှင်တော်တော်များများမှာ တွေ့မြင်ဖူးကြမှာပါ။ လူကြီးတော်တော်များများကတော့ ဒီကားပုံစံနဲ့ မစိမ်းကြပါဘူး။ ဘာလို့လဲဆိုတော့ VW microbus ကို ၁၉၆၂ ခုနှစ်မှာ ထုတ်လုပ်ခဲ့လို့ဖြစ်ပါတယ်။ ကားရဲ့ ကိုယ်ထည် အချိုးအစားနဲ့ ပုံစံကို မကြိုက်တဲ့လူ မရှိသလောက်ရှားပါတယ်။ ဒီနေ့ခေတ်မှာတော့ ဒီလိုကားမျိုးကို စည်းကမ်းရှိရှိ ထိန်းသိမ်းလာတဲ့လူတွေရဲ့ လက်ထဲမှာပဲ မြင်တွေ့ရနိုင်ပါတယ်။

၂၀၁၉ခုနှစ်မှာတော့ VW က Type 20 ဆိုပြီး အီလက်ထရောနစ်စွမ်းအင်သုံး ကားပုံစံ design ကို မိတ်ဆက်လိုက်ပါတယ်။ Type 20 microbus ကို ၁၉၆၂ ခုနှစ်က ပုံစံအတိုင်း မြင်တွေ့ရမှာဖြစ်ပြီး နည်းပညာပိုင်းအရ တိုးတက်လာတာကိုလည်း မြင်တွေ့ရမှာပါ။ ကားပုံစံကိုတွေ့တာနဲ့ လန်းဆန်းတက်ကြွစိတ်ဖြစ်ပေါ်စေပြီး ကားရဲ့အရောင်ကလည်း ခေတ်ဆန်ပါတယ်။

Type 20 ကားရဲ့တံခါးလက်ကိုင်မှာ 720p camera တပ်ဆင်ထားပြီး သင့်မျက်နှာကိုသိရှိတာနဲ့ တံခါးအလိုအလျောက်ဖွင့်ပေးမယ့် Face recognition system ပါဝင်ပါတယ်။ ဒါ့အပြင် voice assistant လည်း ပါဝင်ပါသေးတယ်။ သင်က ကားအပြင်မှာရှိနေရင် “Hey Auto” လို့ပြောလိုက်တာနဲ့ ကားက သင်မေးတဲ့မေးခွန်းတွေကို ဖြေကြားပေးမှာ ဖြစ်ပါတယ်။ ဥပမာ ကားရဲ့ ဘက်ထရီ percentage ကိုလှမ်းမေးတာမျိုးတွေ လုပ်နိုင်ပါတယ်။ VW Type 20 ရဲ့ battery capacity က 10kWh ရှိပါတယ်။ အားအပြည့်သွင်းထားမယ်ဆိုရင်တော့ သွားနိုင်တဲ့အကွာအဝေးက ၂၀၀ကီလိုမီတာ (၁၂၄ မိုင်ခန့်) ထိ သွားနိုင်ပါတယ်။ VW Type 20 ကားကို ဝယ်ချင်ရင်တော့ ၂၀၂၂ ခုနှစ်မှာ ဝယ်နိုင်မှာဖြစ်ပါတယ်။​

Leave a comment

Your email address will not be published. Required fields are marked *