လက်သည်းနီဆိုးပြီး(၁၀)နာရီကြာမှာ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးများ

လက်သည်းနီးဆိုးတာက သင့်ရဲ့ ကိုယ်တွင်းလုပ်ဆောင်ချက်တွေကို ထိခိုက်နိုင်တယ်ဆိုတာ သင့်သိပါသလား။ ဒါတွေဟာ အဆိပ်အတောက်တွေ အလွန်အကျူးပါဝင်ပါတယ်။

၁။ Formaldehyde

ဒါဟာ အရောင်မဲ့အငွေ့ဖြစ်ပြီး လက်သည်းနီသက်တမ်းကို ကြာရှည်ခံစေပါတယ်။ ဒါပေမယ့် ဒီအငွေ့ဟာ ကင်ဆာဖြစ်စေမယ့် ဆဲလ်များကိုလှုံဆော်ပေးပါတယ်။

၂။ Toluene

ဒါကတော့ လက်သည်းနီဆိုးရင် မျက်နာပြင်ကို ချော့မွေ့အောင် ပြုလုပ်တဲ့ ဓါတ်ပစ္စည်းဖြစ်ပြီး ဦးနှောက်မှတ်ဉာဏ်ကို ထိခိုက်စေပါတယ်။ ခေါင်းမူးခေါင်းကိုက် ဝေဒနာတွေလည်း ခံစားရနိုင်ပါတယ်။

၃။ Dibutyl Рhthalate

လက်သည်းနီအနံ့အတွက်ထည့်ထားတဲ့ ဒီပစ္စည်းကတော့ သင့်ရဲ့အသက်ရှုလမ်းကြောင်းကို ပျက်စီးစေမှာပါပဲဖြစ်ပါတယ်။

ဒါကြောင့် လက်သည်းနီအရောင်ကို ရွေးချယ်ဝယ်တာထက် ဘယ်လိုဓါတ်ပစ္စည်းတွေ ပါဝင်ရောနှောနေသလဲ အရင် စမ်းပြီးမှ ဝယ်ပါ။ သင့်ကျန်းမာရေးထိခိုက်အောင် သင့်လက်ဖြင့် လုပ်ဆောင်မှုကို ရှောင်ကြဉ်ပါ။

Leave a comment

Your email address will not be published.