လစ်ဗျား မှ ဥရောပသို့ လှေဖြင့်ပင်လယ်ကိုဖြတ်ကူးခဲ့တဲ့ ရွှေ့ပြောင်းလုပ်သား ၁၅ဦးအနက် ၁ဦးသာအသက်ရှင်ကျန်ရစ်

ဩဂုတ်လ ၁ရက်နေ့ကတည်းက Libya မှ လူ ၁၅ဦးဟာ လှေတစ်စီးဖြင့် မြေထဲပင်လယ်ကြီးကိုဖြတ်ကာ ဥရောပသို့ သွားရန်ထွက်ခွာလာခဲ့ကြတာဖြစ်ပါတယ်။ ထိုသူတွေအားလုံးထဲမှာမှ အမျိုးသားတစ်ဦးသာ အသက်ရှင်ခွင့်ရခဲ့တာ ဖြစ် ပါတယ်။ ထိုအမျိုးသားကို Malta ကျွန်းပေါ်ရှိ Maltese လူမျိုးများက ကယ်တင်ခဲ့သောကြောင့် အသက်ရှင်ခွင့်ရခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

အသက်ရှင်ကျန်ခဲ့သူ Mohammed Adam Oga ၏ပြောပြချက်အရ သူတို့ဟာ ဆိုမားလီးယားသူပုန်များ၏ အစီ အစဉ်ဖြင့် ယခုခရီးစဉ်ကိုထွက်ခွာခဲ့တာဖြစ်ကြောင်းသိရပါတယ်။ သူတို့ဟာ တစ်ဦးကို $700 (£575; €630) ပေး ကာ မှောင်ခိုလမ်းဖြင့် ထွက်ခွာခဲ့ရတာဖြစ်ကြောင်းလဲ ပြောပြသွားခဲ့ပါတယ်။ Mohammed Adam Ogaတို့ စီးလာတဲ့ လှေ ထဲမှာ သူအပြင် Ghanaမှ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး၊ Ethiopia မှ အမျိုးသား (၂)ဦးနှင့် ကျန်တာကတော့ ဆိုမားလီးယားများဖြစ်ကြကြောင်းသိရပါတယ်။ သူတို့ဟာ ပင်လယ်ထဲမှာ ပထမဦးဆုံး ဓာတ်ဆီပြတ်သွားခဲ့ပြီးနောက် အ စားအစာနှင့် ရေပါပြတ်သွားတဲ့အတွက် ပင်လယ်ထဲက ရေကိုပါသောက်ခဲ့ရတယ်လို့ သိရပါတယ်။

သူတို့ဟာ Libya မြို့တော် Zawia ၏ မြောက်ဘက် 45km (28 miles) အကွာရှိ Tripoli မြို့မှ စတင် ထွက်ခွာခဲ့တာ ဖြစ်ပြီး ခရီးစဉ်ကိုစီစဉ်ပေးသူက GPS နှင့် သံလိုက်အိမ်မြောက်ကို ထည့်ပေးလိုက်ကာ Malta ကို သွားတော့လို့ ပြောပြီး လှေပေါ်တင်ပေးလိုက်တာဖြစ်တယ်လို့ အသက်ရှင်ကျန်ရစ်သူ Mohammed Adam Oga ၏ပြောပြချက်အရ သိရ ပါတယ်။

Libya မှ ထွက်ခွာလာပြီး ၅ရက်အကြာမှာ လူ(၂)ဦးစတင်သေဆုံးခဲ့ပြီး ကျန်တဲ့ရက်များမှာတော့ တစ်ရက်ကို (၂) ယောက်နှုန်းနဲ့ သေဆုံးခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ သူ့ကိုဒီခရီးသို့သွားဖို့ စတင်ခေါ်ဆောင်ခဲ့တဲ့ ဆိုမားလီး ယားသူပုန်ဖြစ်သူ Ismail နဲ့ Mohammed Adam Oga တို့ (၂)ဦးသာကျန်တော့ပြီး Ismail က ငါတို့လည်း သေမှာ ပဲလို့ ပြောကာ သေသွားတဲ့လူတွေနဲ့ ပါလာတဲ့ပစ္စည်းတွေအားလုံးကို ရေထဲသို့ ပစ်ချလိုက်တယ်လို့ သိရပါတယ်။

MohammedAdamOgaကတော့မင်းသေချင်ရင်သေ ငါတော့မသေနိုင်ဘူးဟုပြန်ပြောခဲ့ပြီးနောက်နေ့မှာတော့ Ismail လည်းသေဆုံးသွားခဲ့ပါတယ်။ Ismail သေတာနဲ့ သူ့ကို ကယ်ဆယ်ရေးသမားများက လေယာဉ်ဖြင့် ကယ်တင်ခြင်း တွေ ကို Mohammed Adam Oga က သိတစ်ချက်မသိတစ်ချက်နဲ့ အိမ်မက်မက်နေသလိုဖြစ်နေတယ်လို့ ဆေးရုံရောက် လို ပြန်သတိရလာတဲ့အချိန်မှာ ပြောပြခဲ့ပါတယ်။ Mohammed Adam Oga ဟာ ပင်လယ်ထဲမှာ ၁၁ရက်ကြာ မျော လာခဲ့ပြီးနောက်Maltaကျွန်းနားရောက်တော့မှဥရောပနယ်ခြားစောင့်တပ်၊ကမ်းခြေစောင့်အေဂျင်စီအဖွဲ့နှင့်Frontex အဖွဲ့တို့က ကယ်တင်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Libya ဟာ စားဝတ်နေရေးအလွန်ကြပ်တည်းတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်သောကြောင့် ပြည်သူများဟာ နိုင်ငံမှာမနေနိုင်တော့ပဲ ရွှေ့ပြောင်းလုပ်သားများအဖြစ်နဲ့ ဥရောပနဲ့ Malta သို့လှေများဖြင့် နှစ်စဉ်နှစ်တိုင်း ထွက်ပြေးလာလေ့ရှိကြပါတယ်။ သို့သော် အသက်ရှင်သူတစ်ဦးမှ မရှိခဲ့ပဲ Mohammed Adam Oga တစ်ယောက်သာ အသက်ရှင် သူရှိ သေး ကြောင်း အာဏာပိုင်များ၏ပြောပြချက်အရသိရပါတယ်။ ယခုနှစ် တစ်နှစ်တည်းမှာပဲ Mediterranean မြေထဲ ပင် လယ်ကိုဖြတ်ကာဥရောပသို့လာကြသောရွှေ့ပြောင်းလုပ်သားများဟာအယောက် ၄သောင်းအထိရှိနေပြီး Mohammed Adam Oga တစ်ဦးသာအသက်ရှင်သေးတာဖြစ်ပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *