လန်ဒန်မှာရှိတဲ့ သဘာဝသမိုင်းပြတိုက်မှာ ပလပ်စတစ် ဘူး သုံးစွဲမှုကို ရပ်တန့်လိုက်ပါပြီ

ကမ္ဘာ့သမုဒ္ဒရာမှာ ရေထုညစ်ညမ်းမှုကိုလျှော့ချဖို့အတွက် လန်ဒန် သဘာဝသမိုင်းပြတိုက်က တစ်ခါသုံး ပလစ်စတစ်ရေဘူး ရောင်းချမှုကိုရန့်တန့် သွားတော့မှာဖြစ်ပါတယ်။ လန်ဒန်အနောက်ပိုင်းက  ကန်စ္စစတန် နဲ့ ဟာ့ဒ်ဖော့ရှိုင်းယားက စားသောက်ဆိုင်တွေအပါအဝင် အခြားသော အဆောက်အအုံတွေမှာ စစ်ဆေးမှုတွေလုပ်ဆောင်မှာဖြစ်ပြီး ရေတွေထည့်တဲ့နေရာမှာ အခြားသော နည်းလမ်းတွေနဲ့ ထုတ်ပိုးလို့ရမယ့် နည်းလမ်းရှိမရှိ စစ်ဆေးသွားမှာဖြစ်ပါတယ်။

ရေဘုံပိုင်တွေနဲ့ ပြန်လည်အသုံးပြုလို့ရတဲ့ ရေဘူးတွေ ဟာ လုပ်ဆောင်လို့ရမယ့် နည်းလမ်းတွေဖြစ်ပြီး အလည် လာသူတွေက သူတို့ကိုယ်ပိုင်ထည့်စရာရေဘူးတွေကို ယူဆောင်လာရမှာဖြစ်ပါတယ်။ ပြတိုက်မှာ ပလပ်စတစ်အသုံးပြုမှု ရပ်တန့်ထားပြီးသားဖြစ်ပြီး သူနဲ့ ဆက်စပ်မှု ရှိတဲ့ ပတ်ဝန်းကျင်မှာ ပလပ်စတစ်အသုံးပြုမှု ရှိမရှိ စောင့်ကြည့်နေပါတယ်။

သမုဒ္ဒရာ ကယ်ဆယ်ရေး ကမ်ပိမ်းလည်းလုပ်ဆောင်နေပြီး သူတို့ရဲ့ ရည်ရွယ်ချက်က တစ်ခါသုံးပလပ်စတစ်တွေ သမုဒ္ဒရာထဲ ရောက်သွားတာကို ရပ်တန့်ဖို့အတွက်ဖြစ်ပါတယ်။ အိုဝယ်ခရစ်ကက် အဖွဲ့ကလည်း နောက်ထပ်သုံးနှစ်အတွင်း ပလပ်စတစ်ကင်းစင်စေရမယ်လို့ ရည်ရွယ်ထားပါတယ်။

လန်ဒန်က သဘာဝသမိုင်းပြတိုက်နဲ့ တော်ဝင်ဟောလိုးဝေလ်း တက္ကသိုလ် မှ သိန်းမြစ်ထဲက မမြင်နိုင်တဲ့ ပလပ်စတစ်ညစ်ညမ်းမှုတွေနဲ့ မြစ်ထဲကငါးတွေရဲ့ဝမ်းဗိုက်မှာ ပလပ်စတစ်တွေတွေ့ရတယ်ဆိုတဲ့ အကြောင်းကို အရင်တုန်းကထုတ်ပြန်ခဲ့ဖူးပါတယ်။ ပြတိုက်က သိပ္ပံညွှန်ကြားရေးမှုး ပါမောက္ခ အိုင်ရန် အိုဝမ်က “ပြတိုက်က သိပ္ပံအဖွဲ့အစည်းက ဒီလိုဦးဆောင်ပြီး ပလပ်စတစ်နဲ့ပတ်သက်ပြီး ဆန့်ကျင်ဖို့အရေးကြီးတဲ့အချက်ကတော့ သဘာဝပတ်ဝန်းကျင်ကိုကာကွယ်ဖို့နဲ့ ပတ်ဝန်းကျင်ကို နားလည်ဖို့ ပဲဖြစ်ပါတယ်။

“ပလပ်စတစ်ဆက်လက်စွန့်ပစ်မှုကြောင့် ရေထုမှာညစ်ညမ်း မှုတွေဖြစ်ပေါ်လာမှုကြောင့် သက်ရှိတွေကို ရေရှည်ရှင်သန်စေနိုင်တဲ့ သဘာဝဂေဟ စနစ်ကို ပျက်စီးစေပြီး ရေနေသတ္တဝါတွေကို သေဆုံးစေပါတယ်။” “မီလီယံနဲ့ ချီတဲ့ တစ်ခါသုံး ပလပ်စတစ် တွေကို အင်္ဂလန်တစ်နိုင်ငံတည်းက ဝယ်ယူနေပြီး ဘီလီယံနဲ့ချီတဲ့ ရေဘူးတွေ ပင်လယ်ထဲမှာ စွန့်ပစ်ခံနေရပါတယ်။

“ပြတိုက်ကို နှစ်စဉ် လူ ၄.၅ မီလီယံ လောက်လာရောက်လည်ပတ်ကြပြီး ဒစ်ဂျစ်တယ်လမ်းကြောင်းကနေ မီလီယံထက်ကျော်တဲ့ ပလပ်စတစ်တွေ ပင်လယ်ထဲဝင်ရောက်နေတယ်လို့ သိရှိရပါတယ်။

“ကျွန်တော်တို့ ရဲ့ လှုပ်ရှားမှုက တစ်ခါသုံး ရေသန့်ဘူးပလပ်စတစ်သုံးစွဲမှု ရပ်တန့်ဖို့ဖြစ်ပြီး ၎င်းကနေ ရေပြည်လည်ဖြည့်တင်းလို့ရတဲ့ ကိုယ်ပိုင်ရေဘူးနဲ့ သုံးစွဲတဲ့ အလေ့အထပေါ်ပေါက်လာစေဖို့ဖြစ်ပြီး ပယ်လယ်ထဲမှာ ပလပ်စတစ် ဝင်ရောက်မှု အရေအတွက် လျှော့ချဖို့ဖြစ်ပါတယ်။”

ဒီလှုပ်ရှားမှုက လက်ရှိရှိနေတဲ့ ပလပ်စတစ်စွန့်ပစ်မှု အလေ့အထကြောင့် ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေကို စိုးရိမ်သတိထားမိအောင် လုပ်ဆောင်ရာကျပါတယ်။

အင်ဂျင်နီယာနဲ့ နည်းပညာ အဖွဲ့အစည်းက အီးနဲ့တီ မဂ္ဂဇင်းမှာ တရုတ်ဟာ အင်္ဂလန်ရဲ့ ပလပ်စတစ် ပုံစံပြောင်းလဲ အသုံးပြုခြင်း ထက်ဝက်ကျော်ကို ကိုင်တွယ်ထားပြီး သွင်းကုန်တွေကို လက်ခံဖို့ ငြင်းဆန်ထားပြီး အဲ့လို့ငြင်းဆန်ရခြင်းအကြောင်းကတော့ ပလပ်စတစ် ထုတ်လုပ်ရာမှာ သူ့ရဲ့ လုပ်ဆောင်ချက် အရည်အသွေးက ညံ့ဖျင်းနေလို့ပဲဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *