လမ်းလျှောက်ခြင်းဖြင့် ရရှိစေမဲ့ ကျန်းမာရေး အကျိုးကျေးဇူး(၈)မျိုး

လမ်းလျှောက်ခြင်းက လူတိုင်းလုပ်နိုင်ပြီး ငွေကုန်ကြေးကျမရှိတဲ့ လေ့ကျင့်ခန်းတစ်မျိုးပါ။ လမ်းလျှောက်ခြင်းက ကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူပြုလဲဆိုတာကို လေ့လာကြည့်ရအောင်။

နေ့စဉ်လမ်းပုံမှန်လျှောက်ပေးရင် နှလုံးရောဂါဖြစ်ပွားမှုကို လျော့ကျစေတဲ့အပြင် လေဖြတ်နိုင်ခြင်းကိုပါ ကာကွယ်ပေးပါတယ်။

ပုံမှန်လမ်းလျှောက်ပေးခြင်းက ဆီးချိုရောဂါဖြစ်ပွားနိုင်မှုကို ၆၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။

မိနစ်သုံးဆယ်လောက်လမ်းလျှောက်ပေးရင် ၇၅ ကယ်လိုရီလောင်ကျွမ်းတာကြောင့် ကိုယ်အလေးချိန်လျှော့ချသူတွေအတွက် အကောင်းဆုံးလေ့ကျင့်ခန်းတစ်ခုပါ။

လမ်းများများလျှောက်ပေးတာက ဦးနှောက်စွမ်းဆောင်ရည်ကို ကောင်းမွန်စေတာကြောင့် ဦးနှောက်ဖောက်ပြန်ခြင်းဝေဒနာခံစားရမှုကို လျော့ကျစေပါတယ်။

လမ်းလျှောက်ခြင်းက ခြေထောက်ကြွက်သားတွေကို သန်စွမ်းစေပါတယ်။

လမ်းလျှောက်ခြင်းက ဗီတာမင် D ကိုတိုးမြှင့်ပေးတာကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။

ဒါ့အပြင် သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး သွေးတွင်းအောက်ဆီဂျင်ပမာဏကို တိုးမြှင့်ပေးတာကြောင့် အားအင်ပြည့်ဝနေစေပါတယ်။

လေ့ကျင့်ခန်းလုပ်ခြင်းက စိတ်ပျော်ရွှင်လန်းဆန်းစေပါတယ်။ လမ်းပုံမှန်လျှောက်ခြင်းက စိတ်ဖိစီးမှုကို လျှော့ချပေးပါတယ်။

Leave a comment

Your email address will not be published.