လာမည့်နှစ်တွင် ရေနံစျေးများ ပိုမိုမြင့်တက်လာနိုင်တယ်လို့ Goldman Sachs ရင်းနှီးမြှုပ်နှံမှုဘဏ်ကပြောကြား

အောက်တိုဘာလ (၂၃)ရက် ဗုဒ္ဓဟူးနေ့တွင် US ရဲ့ ရင်းနှီးမြှုပ်နှံမှုဘဏ်ဖြစ်တဲ့ Goldman Sachs ဘဏ်က ရေနံထုတ်လုပ်မှုနှုန်းကျဆင်းလာခြင်းနှင့် အရှေ့အလည်ပိုင်းဒေသရှိ စစ်ရေးတင်းမာမှုတွေကြောင့် လာမည့် ၂၀၂၀ခုနှစ်တွင် ယခုရေနံစျေးထပ် ပိုမိုတိုးလာနိုင်တာဖြစ်ကြောင်း ခန့်မှန်းပြောကြားခဲ့ပါတယ်။

Goldman Sachs ဘဏ်၏ ပြောပြချက်အရ ၂၀၂၀ခုနှစ်တွင် ခန့်မှန်းချေအရ ရေနံတစ်စည်၏ တန်ဖိုးဟာ $60 ကျော်အထိ ဖြစ်လာနိုင်တယ်လို့ သိရှိရပါတယ်။ ဗုဒ္ဓဟူးနေ့ မနက်ကုန်သွယ်မှုစျေးအရ Brent crude က ရေနံတစ်စည်ကို $59.24 ဖြင့် စျေးဖြတ်ခဲ့ပြီး WTI ကတော့ $53.96 ဖြင့် စျေးဖြတ်ခဲ့တယ်လို့သိရပါတယ်။

Goldman Sachs ဘဏ်၏ ပြောပြချက်အရ ၂၀၁၉ ခုနှစ်တွင် တစ်ရက်ကို ရေနံစည်ပေါင်း ၁.၂၅ သန်းထွက်ရှိမယ်လို့ ခန့်မှန်းထားသော်လည်း လက်ရှိမှာ ၉၅၀၀၀၀ ပဲ ထုတ်နိုင်ခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာလည်း ကနဦး ခန့်မှန်းချေ တစ်ရက်ကို ရေနံစည်ပေါင်း ၁.၄၅သန်း မှ ၁.၂၅သန်း အထိပဲ ထုတ်နိုင်တော့မှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

Source : CNBC News

Leave a comment

Your email address will not be published. Required fields are marked *