လာမယ့်နှစ်ကစပြီး အစောပိုင်းကာလတုန်းကထွက်ရှိထားတဲ့စမတ်ဖုန်းတွေမှာ WhatsApp ကို အသုံးပြခွင့်ရရှိတော့မှာမဟုတ်ပါဘူး။

ကုမ္ပဏီက WhatsApp အသုံးပြုခွင့်ကို Model နိမ့်တဲ့ဖုန်းတွေမှာ ဝန်ဆောင်မှုပေးထားမှုကို ရပ်တန့်တော့မှာဖြစ်တဲ့အတွက် ဇန်နဝါရီ ၁ ရက်နေ့ကပြီး သုံးလို့ရတော့မှာမဟုတ်ပါဘူး။ WhatsApp ဟာ ၂၀၀၉ မှာတည်ထောင်ထားတာဖြစ်ပြီး ဖုန်းတွေလည်း တစ်မျိုးပြီးတစ်မျိုးပြောင်းလာတဲ့အတွက်ကြောင့် Model အဟောင်းတွေမှာသုံးထားတဲ့ ဝန်ဆောင်မှုကို ဖယ်ထုတ်ရခြင်းဖြစ်တယ်လို့ ရှင်းပြပါတယ်။

“အဲ့အချိန်တုန်းက BlackBerry နဲ့ Nokia ကထောက်ပံ့ထားတဲ့ OS အသုံးပြုထားတဲ့ ဖုန်းပေါင်း ၇၀% လောက်ရှိပါတယ်။” လို့ ကုပ္ပဏီက ရှင်းပြပါတယ်။ “ Google, Apple နဲ့ Microsoft တို့ OS ထောက်ပံ့ထားတဲ့ဖုန်းတွေမှာ ယနေ့အချိန်မှာ ၉၉.၅% လောက်ရှိနေပြီး အရင်အချိန်က ရောင်းအားနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ ၂၅% နည်းနေပါသေးတယ်။

ဝန်ဆောင်မှုမရရှိတော့မယ့် ဖုန်းတွေရဲ့စာရင်းတွေကတော့ –

-BlackBerry OS and BlackBerry 10

-Nokia S40

-Nokia Symbian S60

-Android 2.1 and Android 2.2

-Windows Phone 7

-iPhone 3GS/iOS 6 တို့ပဲဖြစ်ပါတယ်။

WhatsApp အသုံးပြုတဲ့ သူအများစုအတွက် OS အသုံးပြုထားသူတွေရဲ့ ဖုန်းမှာ ထောက်ပံ့ပေးထားမှုကို ရပ်တန့်လိုက်တာဟာ သိပ်ပြီးတော့ သိသိသာသာဖြစ်မှာမဟုတ်ပါဘူး။

Android OS 2.2 froyo ဟာ လွန်ခဲ့တဲ့ ၇နှစ် ၂၀၁၀ တုန်းကထွက်ရှိထားတာဖြစ်ပြီး ၎င်းဖုန်းတွေမှာ ထောက်ပံ့မှု ရပ်တန့်သွားမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဇန်နဝါရီလက Google ကထုတ်ပြန်ထားတဲ့ကိန်းဂဏန်းအရ ကမ္ဘာမှာရှိတဲ့ ဝ.၁ အောက်နည်းတဲ့ % ဟာ Froyo version ကိုဆက်လက်အသုံးပြုနေတာဖြစ်ပါတယ်။

လောလောလတ်လတ်မှာ Android ၈.၀ ထိထွက်ရှိထားတာဖြစ်ပြီး အတိအကျပြောရရင် ၂၁ သြဂုတ် ၂၀၁၇ ဖြစ်ပါတယ်။ Apple အသုံးပြုသူတွေအနေနဲ့ဆိုရင်တော့ iOS 6 ကို ၁၉ စက်တင်ဘာ ၂၀၁၂ မှာ ဖြန့်ဝေတာဖြစ်ပြီး ၂၀၁၃ အရောက်မှာ iOS 7 ကိုထုတ်နိုင်ခဲ့ပါတယ်။ ဝ.၀၃% ထက်နည်းတဲ့ iPhone အသုံးပြုသူတွေဟာ iOS 6 ကို ဆက်လက်အသုံးပြုနေဆဲဖြစ်ပါတယ်။ ၁၉ စက်တင်ဘာ ၂၀၁၇ မှာတော့ Apple က iOS 11 ကိုဖြန့်ဝေတာလည်းဖြစ်ပါတယ်။ ဝ.၅% ထက်နည်းတဲ့ ပမာဏအရေအတွက်ဖြစ်တဲ့ BlackBerry OS ဖုန်းတွေဟာ အင်္ဂလန်ဈေးကွက်မှာ ဆက်လက်ရှိနေတာဖြစ်ပါတယ်။

အင်္ဂလန်မှာရှိတဲ့ ၁%သောလူတွေက Windows Phone ကိုအသုံးပြုနေကြပြီး အဲ့ထဲကမှ အချို့သောသူတွေက နောက်ပိုင်းထွက်တဲ Windows Phone OS ကိုအသုံးပြုလာနိုင်ပါတယ်။

 

Leave a comment

Your email address will not be published. Required fields are marked *