လိင်တူချင်း လက်ထပ်ခွင့် တရားဝင်ခွင့်ပြုရန် သြစတြေးလျတွင် လုပ်ဆောင်မည်

သြစတြေးလျဝန်ကြီးချုပ် မယ်လ်ကွန်တန်ဘူးသည် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် သြစတြေးလျနိုင်ငံမှာ လိင်တူလက်ထပ်ခွင့်ကို တရားဝင်ခွင့်ပြုဖို့ ယခုနှစ်မကုန်မှီ လုပ်ဆောင်သွားမယ်လို့ပြောကြားခဲ့ပါသည်။

သြစတြေးလျနိုင်ငံတွင် လိင်တူလက်ထပ်ခွင့်နှစ်ပတ်သတ်လို့ စစ်တမ်းကောက်ယူခဲ့ပါသည်။ထိုစစ်တမ်းကို စာတိုက်ကနေပေးပို့ပြီး ပြည်သူတွေရဲ့သဘောထားကိုတောင်းဆိုခဲ့ရာ ၈၀% သောပြည်သူတွေက ဝင်ရောက်ဖြေဆိုခဲ့တယ်လို့ သြစတြေးလျဝန်ကြီးကဆိုပါသည်။ထိုဖြေဆိုသူများအနက် ထောက်ခံသူ ၆၁ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး ကန့်ကွပ်သူ ၃၈ ဒသမ ၄ ရာခိုင်နှုန်း ရှိခဲ့ပါသည်။

သြစတြေးလျဝန်ကြီးချုပ်က ‘ သန်းနဲ့ချီသော ပြည်သူတွေက တန်းတူလက်ထပ်ခွင့်ကို ထောက်ခံလိုက်ပါပြီး ၊ ဒါက သူတို့ရဲ့ တရားမျှတမှုအတွက်၊ချစ်ခြင်းမေတ္တာအတွက် ထောက်ခံခဲ့တာပဲ။ဒါကြောင့် ဒီကိစ္စက သြစတြေးလျပြည်သူတွေက ပေးလိုက်တဲ့တာဝန်ဖြစ်ပြီး ကျွန်တော်တို့ ပါလီမန်ကလဲ ပြည်သူတွေပေးတဲ့တာဝန်ကိုဆက်လက်လုပ်ဆောင်ပါမည်။ဒီကိစ္စကို ယခုနှစ်ကုန် ခရစ္စမတ်မရောက်မှီ ပြီးအောင်လုပ်ဆောင်သွားပါမည် ‘ ဟုပြောကြားခဲ့ပါသည်။

Leave a comment

Your email address will not be published. Required fields are marked *