လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ တရားစွဲခြင်းခံထားရသော တိဘက်ဘုန်းတော်ကြီး Sogyal Rinpoche သေဆုံး

တိဘက်တွင် အလွန်အစွမ်းထက်သည်ဟု နာမည်ကြီးခဲ့သော Sogyal Rinpoche လို့ လူသိများတဲ့ တိဘက်ဘုန်းကြီး Sogyal Lakar ဟာ ၁၉၉၄ခုနှစ်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြင့်အမျိုးသမီးတစ်ဦးမှ လျော်ကြေးဒေါ်လာ 10 သန်း(£8.1 million) ပေးရန်တရားစွဲခြင်းခံထားရတာဖြစ်ပြီး ယခု ဩဂုတ်လ ၂၈ရက် ဗုဒ္ဓဟူးနေ့တွင် ထိုင်းနိုင်ငံ၌ သေ ဆုံးသွားပြီဖြစ်ကြောင်း သိရပါတယ်။

Lakar ရဲ့ Facebook ပေါ်တွင်ရေးသားထားချက်အရ အဆုတ်ကြပ်ရောဂါဖြစ် သေဆုံးသွားတာဖြစ်ကြောင်းသိရပါတယ်။ Lakar ဟာ ၁၉၄၇ခုနှစ်တွင် Tertön Sogyal Lerab Lingpa ၌မွေးဖွားခဲ့ပြီး တိဘက်ဘုန်တော်ကြီးလောကရဲ့ ၁၃ယောက်မြောက် Dalai Lama အဖြစ် ချီးမြောက်ခြင်းခံထားရသူဖြစ်ပါတယ်။ သို့သော် အမှုဖြစ်ပြီးနောက်ပိုင်းမှာတော့ ထိုဘွဲ့ကိုပြန်လည် သိမ်းယူခြင်းခံခဲ့ရပါတယ်။

ရှေ့နေ Rigpa ကတော့ သူ့အဖွဲ့သားများ၏ တင်ပြချက်များအရ Lakar ဟာ ပြစ်မှုထင်ရှားတယ်လို့သိရပါတယ်။ Lakar ၏အဖွဲ့သားများထဲတွင် Lakar ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို အမှန်တကယ်ကျူးလွန်ခဲ့တယ်လို့ ထောက်ခံနေသူများရှိသလို Lakar အပေါ် သစ္စာမပျက်ပဲ Lakar ဘက်မှာနေပြီး ခုခံပေးနေသူများလည်း ရှိနေဆဲ ပဲဖြစ်ပါတယ်။

Source : BBC News

Leave a comment

Your email address will not be published.