လီယိုနာဒိုဒါဗင်ချီရေးဆွဲခဲ့တဲ့ ပန်းချီများထဲမှ ဆန်းကြယ်မှုတွေနဲ့ပြည့်နှက်နေတဲ့ ပန်းချီလက်ရာ ၅ ခု

သူရေးထားတဲ့ ပန်းချီတွေထဲမှာ ဘာထူးခြားမှုတွေရှိလဲဆိုတာလေ့လာကြည့်ကြရအောင်

၅။ ဆာဗေးတာမွန်ဒီ (Salvator Mundi) ပန်းချီကားထဲက မှားယွင်းနေတဲ့အရာတစ်ခု

တစ်ကယ်လို့ပုံကိုအနီးကပ်ကြည့်လိုက်မယ်ဆိုရင် ဖန်လုံးနောက်က ယေရှုရဲ့ လက်ကိုဖောက်ထွင်းမြင်တွေ့ရတယ်ဆိုတာကို သင်သတိထားမိမှာပါ။ ဒါပေမယ့် မြင်မှုဆိုင်ရာနဲ့ပတ်သက်ပြီး စနစ်တကျလေ့လာခဲ့တဲ့သူက ဖန်လုံးနောက်က လက်ရဲ့နောက်ခံဟာ ဒီလိုပုံစံနဲ့ ဖြစ်မနေရဘူးဆိုတာကို သူသိခဲ့ဖို့ကောင်းပါတယ်။ နောက်ခံက ပုံကြီးချဲ့ထားသလိုဖြစ်နေရမှာဖြစ်ပြီး ဆုံချက်ကနေ သွေဖီစွာရေးဆွဲထားသလိုမျိုးဖြစ်နေရမှာပါ။

၄။ နောက်ဆုံးညလယ်စာ ပန်းချီကားနဲ့ပတ်သက်ပြီး အံ့အားသင့်ဖို့ကောင်းတဲ့အချက်

ဒီပတ်တူစပန်းချီကားထဲမှာ ယေရှု နဲ့ ဂျူးဒပ်စ်ကို ဘယ်အရာကပေါင်းစည်းစေပါသလဲ။ ပန်းချီကားဆွဲရာမှာ ဟန်ပြအနေနဲ့ နေခဲ့ပေးတဲ့သူက ယေရှုအတွက်ရော၊ ဂျူးဒပ်စ်အတွက်ရော သရုပ်ဆောင်ပေးခဲ့တယ်လို့ ဒဏ္ဍာရီအဆိုရှိပါတယ်။ ကံမကောင်းစွာနဲ့ပဲ ဟန်ပြအနေနဲ့ နေပေးခဲ့တဲ့သူက ဘယ်သူဘယ်ဝါဖြစ်ခဲ့တယ်ဆိုတာ မသိတဲ့အချက်ပါပဲ။ ဒဏ္ဍာရီအဆိုအရ ဒါဗင်ချီက ယေရှုပုံဆွဲဖို့အတွက် ချာပ်ကျောင်းက ဓမ္မဆေးဆိုတဲ့အထဲမှာ ပါဝင်ခဲ့တဲ့ ကောင်လေးတစ်ယောက်က လုပ်ဆောင်ပေးခဲ့တယ်လို့ အဆိုရှိပါတယ်။ နောက်ပိုင်းမှာ ပန်းချီဆရာက ဂျူးဒပ်စ်နေရာမှာသရုပ်ဆောင်ပေးဖို့အတွက် လူနောက်ထပ်တစ်ယောက်ကိုရှာတဲ့အခါမှာ မြောင်းဘေးနားမှာ အရက်မှုးနေတဲ့ သူကိုသရုပ်ဆောင်ခိုင်းခဲ့ပါတယ်။ ဂျူးဒပ်စပ်ပုံဆွဲပြီးသွားတဲ့အခါမှာ ဟန်ပြ နေပေးတဲ့သူက အဲ့ဒီပန်းချီကို သူမှတ်မိတယ်လို့ဝန်ခံခဲ့ပါတယ်။ ဘာလို့လည်း ဆိုတော့ လွန်ခဲ့တဲ့ ၃ နှစ်တုန်းက ယေရှုနေရာမှာ သရုပ်ဆောင်အနေနဲ့ နေပေးခဲ့တဲ့သူဟာ သူကိုယ်တိုင်ဖြစ်နေလို့ပါပဲ။

၃။ နောက်ဆုံးညလယ်စာ ပန်းချီကားနဲ့ ပတ်သက်တဲ့ နောက်ထပ်အံ့အားသင့်စရာအချက်

နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ မှောက်လျက်အနေအထားဖြစ်နေတဲ့ ဆားဗူးက ဂျူးဒပ်စ်အနားမှာ ရှိနေတာဖြစ်ပါတယ်။ ဖိတ်ကျနေတဲ့ ဆားကပြဿနာတွေကို ယူဆောင်လာတတ်တာကြောင့် ဒါကဖြစ်နိုင်ခြေရှိပါတယ်။ ပုံမှာရေးဆွဲထားတဲ့အဓိပ္ပါယ်ကတော့ သူတို့စုံညီအစည်းအဝေးပွဲမှာ တစ်ယောက်ယောက်က သစ္စာဖောက်လိမ့်မယ်ဆိုတာကိုယေရှုကပြောနေတာဖြစ်ပါတယ်။

၂။ မကြာသေးမီက ရှာတွေ့ထားတဲ့ အစ်စဘယ်လာ ဒီအက်စတီပုံတူပန်းချီကား

ဒီပုံတူဟာ မကြာသေးမီက သိပ္ပံပညာရှင်တွေက ရှာတွေ့ထားတာဖြစ်ပါတယ်။ ဒီကားဟာလည်း ဒါဗင်ချီ ရေးဆွဲခဲ့တဲ့ လက်ရာတွေထဲကတစ်ခုဖြစ်ပါတယ်။ ဒီပန်းချီကားကို ဆိုးဆေးနဲ့ အောက်ခံဆေး ပေါင်းစပ်ရေးဆွဲထားတာဖြစ်ပြီး ဒီပုံထဲက အမျိုးသမီးဟာ မိုနာလီဆာနဲ့ ခွဲမရအောင်ရုပ်ဆင်နေပါတယ်။ အထူးသဖြင့်ကတော့ သူမရဲ့အပြုံးပေါ့။

၁။ မြွေပါတစ်ကောင်နဲ့ အမျိုးသမီး ပန်းချီကားကို ပုံစံအမျိုးမျိုးနဲ့ရေးဆွဲထားသည့်အချက်

ဒီပန်းချီကားကို နည်းပညာအသစ်နဲ့ စကင်ဖတ်ကြည့်တဲ့အခါ သိပ္ပံပညာရှင်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ အံ့အားသင့်စေတဲ့အကြောင်းအရင်းကတော့ ဒီဓါတ်ပုံဟာ မြွေပါ နဲ့ပဲ ရေးဆွဲထားတာမဟုတ်ပါဘူး။ အခုဒီပန်းချီကားပုံစံနဲ့ မမြင်ရခင်အချိန်ထိ ဒီပန်းချီကားမှာပဲ နောက်ထပ် ပုံစံတစ်ခုနဲ့ ရေးဆွဲထားပါသေးတယ်။ ပထမ တစ်ခေါက်မှာ မြွေပါမပါပဲရေးဆွဲထားတာဖြစ်ပြီး နောက်တစ်ခေါက်မှာ တစ်ခြားတိရိစ္ဆာန်တစ်ကောင်နဲ့ ရေးဆွဲထားတာဖြစ်ပါတယ်။

ပရိတ်သတ်ကြီးတို့အနေနဲ့ ပန်းချီကား ၅ ခုထဲက ဘယ်အချက်က သင်တို့ကို အံအားအသင့်ဆုံးဖြစ်စေသလဲ။ သင်တို့အနေနဲ့ ပန်းချီကားကို ကြည့်ပြီးတဲ့ အခါမှာ တစ်ခြားမြင်တွေ့တာတွေရှိပါသလား။ အောက်က ကွန့်မန့်မှာ သင်တို့ရဲ့ မတူညီနိုင်တဲ့ အမြင်ကိုလွတ်လပ်စွာဝေမျှသွားလိုက်ပါ။

Leave a comment

Your email address will not be published. Required fields are marked *