လုပ်ကြံခံရသူ ကင်ဂျုံနမ်း၏ လွယ်အိပ်ထဲတွင် အဆိပ်ဖြေဆေးများ တွေ့ရှိ

ဖေဖော်ဝါရီလတုန်းက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ အစ်ကိုဝမ်းကွဲဖြစ်သူ ကင်ဂျုံနမ်းဟာ ကွာလာလန်ပူမြို့ရှိ လေဆိပ်မှာ မျက်နှာကို အဆိပ်ပက်ဖျန်းခံရပြီး သေဆုံးခဲ့ပါတယ်။

အဆိုပါသေဆုံးမှုတွင် ရေးတွေရဲ့စစ်ဆေးချက်အရ ကင်ဂျုံနမ်းရဲ့ လွယ်အိတ်ထဲမှာ အဆိပ်ဖြေဆေး ၁၂ပုလင်းကို တွေ့ရှိခဲ့ပါတယ်။ နိုဝင်ဘာလ ၃၀ရက်နေ့မှာ ရုံတင်ပြီး ကြားနာစစ်ဆေးရာတွင် အဆိပ်ဖြေဆေးတွေကို စစ်ဆေးပေးဖို့ ရဲတပ်ဖွဲ့ဝင်မှ လွှဲပြောင်းပေးခဲ့တယ်လို့ ဆရာဝန်တစ်ဦးရဲ့ ထွက်ဆိုချက်အရသိရပါတယ်။

ကင်ဂျုံနမ်းသေဆုံးမှုမှာ လုပ်ကြံသတ်ဖြတ်သူလို့ စွဲဆိုခံထားရသူ ဗီယနမ်နိုင်ငံသား အမျိုးသမီးတစ်ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား အမျိုးသမီးတစ်ဦးကို ရဲတွေမှ ထိန်းသိမ်းထားပြီး အမျိုးသမီးတွေကတော့ ၎င်းတို့မှာ အပြစ်မရှိပါဘူးလို့ ရုံးတော်မှာ ထွက်ဆိုထားပါတယ်။

အဆိုပါသေဆုံးမှုမှာ မြောက်ကိုရီးယားမှ တချို့ပါဝင်ပတ်သက်နေတယ်လို့ သက်သေတစ်ဦးမှ ထွက်ဆိုခဲ့သော်လည်း မြောက်ကိုရီးယားနိုင်ငံကတော့ ငြင်းဆိုထားပါတယ်။

ထို့ပြင် သက်သေတစ်ဦးမှ အဆိပ်ဖြေဆေးတွေကို ကင်ဂျုံနမ်းအနေနဲ့ ဆောင်ထားတာဟာ ၎င်းကို တစ်စုံတစ်ယောက်မှ ရည်ရွယ် လုပ်ကြံမယ်ဆိုတာ ကြိုတင်သိထားပုံရတယ်လို့ ထွက်ဆိုပါတယ်။

အဆိုပါ အမှုကို ၂၀၁၈ခုနှစ်မှာ ထပ်မံရုံးတင် စစ်ဆေးမယ်လို့ ရုံးတော်မှ ချိန်းဆိုလိုက်ကြောင်း သိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *