လုပ်ငန်းရှင်များအသုံးပြုသင့်တဲ့ marketing app များ

ယနေ့ခေတ်ကမ္ဘာကြီးမှာ နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အတူ လူသားတွေရဲ့ဘဝကိုလည်း များစွာအကျိုးပြုလာကြပါတယ်။ အဲ့ဒီလိုဖွံ့ဖြိုးတိုးတက်လာတဲ့ နည်းပညာတွေထဲကမှ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းသက်သာစေအောင် ရွေးချယ်အသုံးပြုနိုင်မယ့် marketing app တွေလည်း ထွက်ပေါ်နေပြီဖြစ်လို့ လေ့လာကြည့်ကြရအောင်။

Trello

သင့်လုပ်ငန်းရဲ့ Marketing Task တွေကို Check list ပြုလုပ်ထားနိုင်တာကြောင့် အချိန်ကုန်သက်သာစေမယ့်အပြင် အမှားအယွင်းလည်း နည်းစေမှာပါ။ Trello မှာ ပြုလုပ်နိုင်တဲ့ check list တွေကတော့ Blog post တွေရေးနိုင်ခြင်း၊ အပတ်စဉ် social media update တွေကို schedule ပြုလုပ်နိုင်ခြင်း၊ email update တွေ ပို့နိုင်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

Facebook Pages Manager

ဒါကတော့ Facebook ရဲ့ official app တစ်ခုပါ။ မိုဘိုင်းဖုန်းရှိရုံနဲ့ သင့်လုပ်ငန်းကို ဖောက်သည်တွေနဲ့ တိုက်ရိုက်ထိတွေ့နိုင်အောင် ကူညီပေးနိုင်မယ့်အပြင် အသုံးပြုရတာလည်း လွယ်ကူတဲ့ app တစ်ခုဖြစ်ပါတယ်။

Twitter

Twitter ကလည်း အခြား app တွေလို မိုဘိုင်းဖုန်းကတစ်ဆင့် လုပ်ငန်းကို လွယ်ကူစွာ စီမံနိုင်တဲ့ app တစ်ခုဖြစ်ပါတယ်။

LinkedIn

သင့်လုပ်ငန်းက B2B စီးပွားရေးစနစ်ကို အဓိကထားတယ်ဆိုရင်တော့ LinkedIn ကတော့ သင့်အတွက် အသုံးသင့်ဆုံး app တစ်ခုဖြစ်ပါလိမ့်မယ်။

Fiverr 

Fiver မှာတော့ ရိုးရှင်းတဲ့ marketing task တွေကို စီမံနိုင်ပါတယ်။ ebook cover ဒီဇိုင်းပြုလုပ်ခြင်း၊ epic blog post တွေကို SlideShare ပြောင်းလဲနိုင်ခြင်း၊ ကုန်ပစ္စည်း description တွေရေးနိုင်ခြင်း၊ ဗီဒီယို edit ပြုလုပ်နိုင်ခြင်း စတာတွေကို ဝန်ဆောင်မှုပေးပါတယ်။

 

Kanvas 

ဒီ app မှာတော့ ပုံတွေ၊ ဗီဒီယိုတွေ၊ slideshow တွေစတာတွေကို ပြုလုပ်ပြီး Facebook၊ Instagram နဲ့ Twitter တို့မှာ upload ပြုလုပ်နိုင်ပါတယ်။

The GetResponse app

ဒီ app ကတော့ email marketing ပြုလုပ်လိုတဲ့ လုပ်ငန်းရှင်များအတွက် အသင့်တော်ဆုံး app တစ်ခုဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *