လုံခြုံရေးဝန်ထမ်းတစ်ဦးက ဈေးဝယ်အမျိုးသမီးအား လိင်ပိုင်းဆိုင်ရာ စော်ကားအနှောက်အယှက်ပေးသဖြင့် ဖမ်းဆီးခံရ

ဖေဖော်ဝါရီလ ၁ရက်နေ့ ဘန်ကောက်မြို့၊ ဗီလာမားကက်ရက်ချ်ချာဖယူရက်ခ်တွင် မနက် ၉နာရီခန့်အချိန်၌ ဈေးဝယ်အမျိုးသမီးတစ်ဦးကို လုံခြုံရေးဝန်ထမ်းတစ်ဦးက လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခဲ့သဖြင့် ဖမ်းဆီးထားခဲ့တယ်လို့ သိရှိရပါတယ်။

ဈေးဝယ်အမျိုးသမီးဟာ ဈေး၏ ဒုတိယအထပ်တွင် အိမ်သာသို့သွားချိန်၌ အသက်၃၅နှစ်အရွယ် ဆီတိပွန် သန်နဆွတ်ခ် လို့ခေါ်တဲ့ လုံခြုံရေးဝန်ထမ်းဟာ အမျိုးသမီးအား နောက်ယောက်ခံလိုက်သွားတာဖြစ်ပါတယ်။ အိမ်သာထဲရောက်ချိန်မှာတော့ အမျိုးသမီးအား လိင်ပိုင်းဆိုင်ရာ အနှောက်အယှက်ပေးဖို့ ကြိုးစားခဲ့သဖြင့် သူမက ကျယ်လောင်သော အသံဖြင့် အကူအညီတောင်းရာတွင် သန့်ရှင်းရေးဝန်ထမ်းတစ်ဦးမှ ကြားသွားပြီး လော့ခ်ချထားတဲ့ အခန်းကို ဖွင့်ပြီး အမျိုးသမီးအား ကယ်တင်ရန် ကြိုးစားခဲ့ရတာ ဖြစ်တယ်လို့သိရှိရပါတယ်။ ထို့နောက် ဈေးတွင်းရှိ အခြားဝန်ထမ်းများနှင့် ပတ်ဝန်းကျင်ရှိလူများက တရားခံကို အခန်းအတွင်းမှ ဆွဲထုတ်ပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ တရားခံကို လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုဖြင့် ရဲများက ဖမ်းဆီးပြီး စစ်ဆေးမေးမြန်နေတာဖြစ်ပြီး စော်ကားခံရတဲ့ အမျိုးသမီးကိုတော့ ဆီရိရက်ချ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်ပေးနေတယ်လို့ သိရှိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *