လူတွေ ဘာကြောင့် Facebook ကို စွဲလန်းလာကြတာလဲ

ယနေ့ခေတ်မှာ ကိုယ့်ရဲ့ ဘဝအကြောင်းတွေ၊ ခံစားချက်တွေ၊ အတွေးအမြင်တွေကို လူမှုကွန်ရက်တွေပေါ်မှာ မျှဝေလာကြတာ အတော်ကိုခေတ်စားလာပါတယ်။ ကိုယ့်ရဲ့ လူမှုကွန်ရက်ပေါ်မှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာကိုလည်း နေ့တိုင်း၊ နာရီတိုင်းမှာ စစ်ဆေးကြည့်ကြရင်း အချိန်ကုန်ကြရသည်အထိ စွဲလန်းမှုတွေလည်း ရှိလာကြပါတယ်။ ဒီတစ်ခါမှာတော့ ဘာကြောင့် လူမှုကွန်ရက်တွေကို စွဲလန်းလာကြတာလဲဆိုတာ တင်ပြပေးချင်ပါတယ်။

(၁) တစ်ခါတစ်ရံမှာ လူမှုကွန်ရက်တွေပေါ်မှာ တင်ထားတဲ့ပုံတွေက သူတို့ရုပ်ရည်ကို ဦးစားပေးထားတွေ များပေမယ့် တစ်ချို့ ပုံပြင်တွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေက အခြားသူတစ်ယောက်ကို စိတ်ဓာတ်ခွန်အားပေးတာတွေလည်း ရှိပါတယ်။လူတွေရဲ့ဦးနှောက်က စိတ်ဝင်စားစရာတစ်ခုကို တွေ့ပြီဆိုရင် တက်ကြွနေတတ်ပြီး အဲ့ဒီအရာကို ရှာဖွေတတ်တဲ့အကျင့်ရှိတာကြောင့် ဒီအချက်က လူမှုကွန်ရက်တွေကို စွဲလန်းလာရတဲ့အချက်တစ်ချက်ဖြစ်နေပါတယ်။

(၂) လူမှုကွန်ရက်ပေါ်မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက်ပုံတွေကိုပဲ တင်ထားတဲ့သူတစ်ယောက်ကို သူက ကျန်းမာစွာစားသောက်နေထိုင်သူတစ်ယောက်လို့ လွယ်လွယ်သိနိုင်ပါတယ်။ လူမှုကွန်ရက်ပေါ်မှာ သုံးစွဲသူတွေက ကိုယ်ကဘယ်လိုလူမျိုးလဲဆိုတာကို အမှန်တိုင်းဖေါ်ပြကြပါတယ်။ ပြီးတော့ လူမှုကွန်ရက်ပေါ်မှာ လက်တွေ့မှာ ဖြစ်လာနိုင်သလို၊ မဖြစ်လာနိုင်မယ့် ကိုယ်အိပ်မက်ထဲကအရာတွေကိုလည်း ဖေါ်ပြနိုင်တာကြောင့်လည်း လူမှုကွန်ရက်ကို စွဲလန်းစွာ သုံးစွဲနေကြပါတယ်။ When we Like or share

(၃) Facebook မှာ ၄၄% သော သုံးစွဲသူတွေက Like ကို တစ်နေ့တစ်ကြိမ်တော့ အနည်းဆုံးနှိပ်ကြပါတယ်။ လူမှုကွန်ရက်တွေက အခြားသူတွေနဲ့ ဆက်သွယ်ချိန်ဆက်ဖို့ အမြန်ဆုံးနည်းလမ်းဖြစ်ပြီး သူငယ်ချင်းမိတ်ဆွေတွေလည်း ရနိုင်တာကြောင့် လူမှုကွန်ရက်တွေကို သံယောဇဉ်ကြီးစွာ သုံးစွဲလာကြပါတယ်။

(၄) လူမှုကွန်ရက်တွေမှာ တစ်ခြားသူရဲ့ပို့စ်နဲ့ပတ်သတ်ပြီး ကိုယ့်မှာ ပြောစရာ၊ အကြံပေးစရာရှိပြီဆိုရင် Comment ပေးတတ်ကြပါတယ်။ ပေးတဲ့သူကလည်း သူ့ရဲ့စိတ်ဝင်စားမှုကို ဖေါ်ပြပြီးသလို ပို့စ်ပိုင်ရှင်ကလည်း Comment ရရှိတဲ့စိတ်လှုပ်ရှားတတ်ကြပါတယ်။ ဒီလိုပျော်ရွှင်စိတ်လှုပ်ရှားစရာတွေကို စွဲလန်းနေတာကြောင့်လည်း လူမှုကွန်ရက်တွေကို လက်မလွှတ်တမ်း အသုံးပြုလာကြပါတယ်။

(၅) လူမှုကွန်ရက်ပေါ်မှာ တင်ထားတဲ့အကြောင်းအရာတွေက အချိန်နဲ့တပြေးညီ တစ်ခုပြီးတစ်ခုများပြားလာပါတယ်။ ဒီလိုတစ်စတစ်စများပြားလာတဲ့ အကြောင်းအရာတွေကို သိနေဖို့အတွက် လူမှုကွန်ရက်တွေကို အချိန်တိုင်း သုံးစွဲချင်စိတ်တွေ ဖြစ်လာပါတယ်။ သူများတွေသိတဲ့ သတင်းအချက်အလက်တိုင်းကို ကိုယ်လည်း လက်လွှတ်မခံသိချင်တဲ့စိတ်ကြောင့် လူမှုကွန်ရက်တွေကို အချိန်တိုင်းသုံးစွဲလာရခြင်းဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *