လူမသိသေးတဲ့ ကမ္ဘာပေါ်က ထူးဆန်းတဲ့နေရာများ

၁။ အစက်အပြောက်တွေနဲ့ ပြည့်နေတဲ့ ရေကန်၊ ဗြိတိန် ကိုလန်ဘီယာ၊ ကနေဒါ

ဒီရေကန်ကို အုတ်ကန်ဂန် လူမျိုးတွေက အချိန်တော်တော်ကြာကြာထိ ထိန်းသိမ်းထားတာဖြစ်ပြီး သူတို့က ဒါကို အထွတ်အမြတ်နေရာတစ်ခုအဖြစ်သတ်မှတ်ထားကြတာဖြစ်ပါတယ်။ နွေရာသီမှာ ရေတွေက အငွေ့ပျံကုန်ပြီး ဓါတ်ဆားတွေက အစက်အပျောက်အနေနဲ့ကျန်နေခဲ့ပါတယ်။ တစ်ခုနဲ့တစ်ခု အနီးကပ်ရှိနေတဲ့ အစက်အပျောက်တွေက က အရောင်တွေမတူကြပါဘူး။

၂။ ဘီလူးကြီးရဲ့ သွားရာလမ်း

 

လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၆၀ လောက်က ကြီးမားတဲ့မီးတောင်ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး မီးတောင်ကချော်ရည်တွေဟာ လျှံထွက်လာပြီး မီးသင့်ကျောက်တွေက လေနဲ့ထိတွေ့တဲ့အခါ အေးခဲသွားပြီး ယနေ့မြင်နေကျပုံစံအတိုင်းမြင်တွေ့ကြရတာဖြစ်ပါတယ်။ ဒီနေရာမှာ ဗဟုဂံပေါင်း ၃၇၀၀၀ လောက်ရှိတယ်လို့ခန့်မှန်းထားပြီး ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းခံထားရတဲ့နေရာတစ်ခုဖြစ်ကာ ပထဝီအနေအထားအရ ဘီလူးကြီးတွေ ဖောက်ခဲ့တဲ့လမ်းလို့လည်း ခေါ်လို့ရပါတယ်။

၃။ Thor ရေတွင်း ၊ အော်ရီဂွန်၊ အမေရိကန်

 

Thor ရေတွင်းကို ရေပန်းထွက်တဲ့နေရာလို့လည်းတင်စားကြပြီး လာသမျှရေတွေက ရေတွင်းထဲသို့စီးဝင်ကာ အရှိန်ပြင်းပြင်းနဲ့ ပြန်ပန်းထွက်တာဖြစ်ပါတယ်။ သိပ္ပံနဲ့ ပတ်သက်တဲ့ စင်တာတစ်ခုဖြစ်တဲ့ ဂွတ်ဟုတ်အငူကနေ ဒါကိုကြည့်ရှုနိုင်မှာဖြစ်ပြီး ကိုယ့်လုံခြုံရေးအတွက် ရေတက်တဲ့အချိန်နဲ့ ဆောင်းတွင်းမုန်တိုင်းတိုက်တဲ့အချိန်မှာ အနီးကပ်သွားမကြည့်တာက ပိုလုံခြုံပါတယ်။

၄။ ပန်းမက်ကေးလ်၊ တူရကီ

 

တူရကီ အနောက်တောင်က UNESCO တွေရဲ့ အမွေအနှစ်ထိန်းသိမ်းရာနေရာတစ်ခုအဖြစ် သတ်မှတ်ထားပြီး အဲ့နေရာကို သွားရင် ဟီရာပိုးလစ်ကိုလည်း တစ်ခါတည်းလည်ပြီးသားဖြစ်မှာပါ။ သူ့ရဲ့ အနီးတစ်ဝိုက်မှာ ဟီရာပိုးလစ် လို့ခေါ်တဲ့ ကြီးမားတဲ့မြို့ကိုတည်ဆောက်ထားတာပါ။ သဘာ၀ ရေပူစမ်းကနေ စီးဆင်းလာတဲ့ရေဟာ ဒီနေရာအရောက်မှာ အဖြူရောင်ထုံးကျောက် လှေကားထစ် အနေနဲ့ ပြန်လည်ဖွဲ့စည်းသွားတာဖြစ်ပြီး ရေစိမ်ဖို့အတွက် အကောင်းဆုံးနေရာတစ်ခုဖြစ်လာပါတယ်။

၅။ ဟီလီယာ ရေအိုင်၊ သြစတေးလျ အနောက်ပိုင်း

 

ဒီလိုသတိပြုလောက်စရာကောင်းတဲ့ ရေအိုင်ကို သြစတေးလျတောင်ပိုင်းက အကြီးဆုံးကျွန်းဖြစ်တဲ့ ရီချာချီး အာချီပီလဲဂိုကနေ ၁၈၀၂ မှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီရေကန်ဟာ တစ်နှစ်ပတ်လုံး ပန်းရောင်အနေနဲ့သာ တည်ရှိနေတာဖြစ်ပြီး သိပ္ပံပညာရှင်တွေကတော့ ရေမျက်နှာပြင်ကနေ အောက်ခြေအထိ ဆားကြိုက်တဲ့ မှိုအမျိုးစားတစ်ခု တည်ရှိနေတယ်လို့ယူဆရပြီး ၎င်းကို ဒူးနယ်လီလာ စလီနာ လို့ခေါ်ကြပြီး နောက်တစ်ခုကတော့ ပန်းရောင်ဘက်တီးရီးယားဖြစ်တဲ့ အရောင်ထွက်တဲ့ ဘက်တီးရီးယားရှိနေတာကြောင့် ဒီလိုအရောင်ဖြစ်နေရခြင်းဖြစ်ပါတယ်။

၆။ ဘာဒက်အီး ဆပ်၊ အီရန်

 

ဒီလိုလှပတဲ့ လှေကားထစ် ထုံးကျောက်ဟာ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာက အီရန်နိုင်ငံမြောက်ပိုင်းမှာ မယုံနိုင်စရာကောင်းတဲ့ သဘာဝဖြစ်စဉ်တစ်ခုအနေနဲ့ ဖြစ်တည်လာတာဖြစ်ပါတယ်။ နီသလိုလို အရောင်ရှိတဲ့ ထုံကျောက်ဟာ စီးဆင်းလာတဲ့ စမ်းချောင်းတစ်ခုခုကနေ အိုင်းယွန်းအောက်ဆိုဒ် ပါဝင်မှုကြောင့် အခုလိုမျိုးအရောင်ထွက်နေတာဖြစ်ပါတယ်။

၇။ တီယန်ဇီတောင်၊ တရုတ်

 

တရုတ်နိုင်ငံရဲ့ အရှေ့မြောက် ဟူနန်စီရင်စုမှာ တည်ရှိနေတာဖြစ်ပြီး ဒီလိုအံ့သြဖွယ်ကောင်းတဲ့ ထုံးကျောက် ကျောက်တောင်ထွဋ်တွေဟာ စိမ်းစိုစို သစ်ပင်တွေနဲ့ဖုံးလွှမ်းထားတဲ့အပြင် ရေခိုးတွေငွေ့တွေကလည်း တစ်ခါတစ်လေ ဖုံးအုပ်ထားပါတယ်။ ဟူအန်ရှီ ရွာကနေ ကေဘယ်လ်ကားနဲ့ သွားချင်သလောက် သွားလို့ရနိုင်ပြီး တီယန်ဇီရဲ့ ရင်သပ်ရှုမောဖွယ် မြင်ကွင်းကို မြင်ဖို့အတွက် လမ်းကြောင်းလည်းအများကြီး လုပ်ထားပါတယ်။ Avatar ရုပ်ရှင်ဇာတ်ကားထဲမှာလည်း ဒီမြင်ကွင်းကို မြင်တွေ့နိုင်ပါတယ်။

၈။ နာစကာမျဉ်းကြောင်း၊ ပီရူး

 

တိရိစ္ဆာန်ရုပ်ပုံတွေနဲ့ ဂျီသြမေထရီ ရုပ်ပုံတွေဟာ ပုံထဲမှာမြင်တဲ့အတိုင်း သတ္တုပြားပေါ်မှာ ငရဲမီးနဲ့ ပုံဖော်ထားသလိုပါပဲ။ ၎င်းဟာ တောင် အမေရိက လူမျိုးတွေအတွက် ကြီးမားတဲ့ ဆန်းကြယ်မှုတစ်ခုပါပဲ။ ဒီလိုဆန်းကြယ်တဲ့ အဝေးပြေးလမ်းမဘေးက ရုပ်ပုံတွေကို ဝေဟင်ကနေ ကြည့်မှ အစုံမြင်နိုင်မှာဖြစ်ပြီး တစ်ချို့ ဘာမှန်းမသိရတဲ့ ရုပ်တွေဟာဆိုရင် မီတာ ၂၀ လောက်ရှိပြီး တစ်ကြောင်းနဲ့တစ်ကြောင်း အချိတ်အဆက်ရှိနေကြပါတယ်။

၉။ ဘာမြူဒါတြိဂံ၊ တောင် အန္တလန်တိတ်သမုဒ္ဒရာ

 

ဒဏ္ဍာရီ နဲ့ ဆန်းကြယ်မှုတွေကြားမှာ ဖုံးကွယ်ထားတာ အချိန်တော်တော်ကြာရှိနေပြီး ဖလော်ရီဒါနဲ့ ပူထရိုရီကိုအထိ မိုင်ပေါင်း ၅ သိန်းလောက်ဟာ ကြမ်းတမ်းတဲ့နေရာတစ်ခုဖြစ်ပါတယ်။ အမေရိကန် ကမ်းခြေစောင့်တွေကတော့ ဒီလိုနေရာဆိုတာ လုံးဝမရှိနိုင်ဘူးလို့ငြင်းထားပြီး တစ်ကယ့် သီအိုရီမှာ ဖုံးကွယ်ထားတာကတော့ အဲ့ဒီနေရာတစ်ဝိုက်မှာ သံလိုက်ဓါတ်တွေရှိနေပြီး သင်္ဘောတွေ၊ လေယာဉ်ပျံတွေ နဲ့ လူတွေဟာ ဘာခြေရာမှ ထင်ကျန်ခဲ့ခြင်းမရှိပဲပျောက်ခြင်းမလှ ပျောက်သွားကြတာပါပဲ။

၁၀။ ဆိုကိုထရာကျွန်း၊ ယီမင်

 

လွန်ခဲ့တဲ့ နှစ် ၆ သန်းလောက်က အာဖရိကမှ ကွဲထွက်သွားတဲ့ကျွန်းတစ်ခုဖြစ်ပြီး ဒီနေရာက သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းက နေရာတစ်ခုလို့ထင်ရပါတယ်။ ဒီကျွန်းမှာရှိတဲ့ သစ်ပင်တွေနဲ့ ဇီဝမျိုးစုံမျိုးကွဲတွေဟာ ကမ္ဘာပေါ်ကမည်သည့်နေရာတွေမှာမှ ရှာဖွေတွေ့ရှိနိုင်မှာမဟုတ်ပါဘူး။ အထူးသဖြင့် နဂါးရဲ့ သွေးပင် နဲ့ ဘဲဥပုံသဏ္ဍာန်ရှည်မျောမျော သစ်ပင်တွေဆိုရင် ဒီနေရာ တစ်ခုတည်းမှာသာ ရှိနိုင်တာပါ။

Leave a comment

Your email address will not be published. Required fields are marked *