



Source: Mashable

Unicode : လူမှုကွန်ရက်တစ်ခွင်တွင် Despacito သီချင်းဖြင့် ကနေသော အဘွားအို၏ ရုပ်သံ ခေတ်စားနေ

Despacito သီချင်းဟာ ဒီနှစ်နွေရာသီရဲ့ နာမည် အကြီးဆုံး သီချင်းဖြစ်ခဲ့ပြီး အဘိုးအဘွား အချို့ ဟာ သီချင်း ကို ကြားတာနဲ့ ကချင်စိတ်တွေတဖွားဖွား ဖြစ်ပေါ် နေကြပါတယ်။ ပျော်ပျော်နေတတ်တဲ့ အိုင်းရစ်က အဖွား အို Pat Fortune ဟာ “Despacito” သီချင်းကို ကားရဲ့ ရေဒီယို ကနေ ကြားကြားချင်းမှာ ပဲ ကနေတာ ကို သူ့ သမီးဖြစ်တဲ့ Caroline Fortune-Loughery က မြင်ပြီး ဗွီဒီယို မှတ်တမ်း တင်ခဲ့ပါတယ်။ အဖွားအို Pat ကနေရင်းက နေ အခြားမျိုး သမီးတစ်ယောက်က လည်း ဒီသီချင်းကို ကြားလို့ သူမနဲ့ အတူလိုက်ကပါတယ်။ ဒီသီချင်းက အရမ်းကို မြူးကြွပြီး လူတွေကို အပျော် ကူးစက်နိုင် စွမ်းရှိပါတယ်။

သူမ သမီး ဖြစ်တဲ့ Fortune-Loughrey က သူ့မ အမေကို လွတ်လပ်ခွင့် ပေးထားတယ်လို့ ပြောပါတယ်။ “သူမက သူသိတဲ့ လူတွေအထဲ မှာ အကောင်းမြင်တတ်တဲ့ လူတစ်ယောက်ဖြစ်တယ် ဆိုတာကို သူမကနေတာကို ကြည့်ရင်းနဲ့ သိနိုင်ပါတယ်” လို့ သူမကပြောပါတယ်။

သူမအမေက နေတာကို ကြည့်ပြီး “အမေက လွတ်လွတ်လပ်လပ် နေတတ်ပြီး ဘဝရဲ့ စက္ကန့် တိုင်းကို အကျိုးရှိရှိကုန်ဆုံးနေတာပဲ။ အမေ သီချင်း နဲ့ ကရင်း ဆက်ပျော်နေပါလို့” ပြောသွားပါတယ်။

Source: Mashable

Leave a comment

Your email address will not be published. Required fields are marked *