လူ့အခွင့်အရေးသမားများကြောင့် စိတ်အနှောက်အယှက်မဖြစ်ဖို့ရန် ဒူတာတေမှ ဒေါ်အာင်ဆန်းစုကြည်ကိုပြောကြားလိုက်ပါတယ်။

ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေနှင့် မြန်မာနိုင်ငံရဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ခဲ့သည့် နယူဒေလီမြို့တွင် ကျင်းပသော အရှေ့တောင်အာရှ နိုင်ငံများ ထိပ်သီးဆွေးနွေးပွဲ၏ ဖိလစ်ပိုင်-အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲ မိန့်ခွန်းတွင် ဖိလစ်ပိုင် သမ္မတ ဒူတာတေက လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် ပတ်သက်ပြီး စိတ်ရှုပ်စရာမလိုကြောင်း ၎င်းတို့ဟာ ဆူဆူပူပူ လုပ်သူတစ်စုသာဖြစ်ကြောင်း အောင်ဆန်းစုကြည်ကိုပြောကြားခဲ့ကြောင်း အိန္ဒိယ သတင်းများအရသိရှိရပါတယ်။

“ကျွန်တော်တို့ ကျွန်တော်တို့နိုင်ငံအကြောင်း၊ ကျွန်တော်တို့ အကျိုးစီးပွားအကြောင်း ပြောကြတယ်။ ကျွန်တော်က လူ့အခွင့်အရေးလှုပ်ရှားသူတွေကို ဂရုမစိုက်ဘူး။ တကယ်တော့ သူတို့တွေက ပူညံပူညံအုပ်စုပဲလို့” ဒူတာတေက ပြောခဲ့တယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် ဒေါ်အာင်ဆန်းစုကြည်ကို “သူမဟာ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဖြစ်တယ်ဆိုတဲ့အချက်နဲ့ ချောင်ပိတ်မိနေတာ ကျွန်တော်စိတ်မကောင်းဘူး။ အခုတော့ ပူညံပူညံနဲ့ အကြီးအကျယ် ဝေဖန်ခံနေရပြီ” လို့လည်း ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်အရေးမှာ ဒုက္ခသည်သိန်းချီဟာ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရတာကြောင့် နိုင်ငံတကားမှ ပြောဆိုခြင်းကို ခံနေရတာဖြစ်ပြီး ဒူတာတေဟာလည်း မူးယစ်ဆေးဝါးတိုက်ဖျက်မှုတွင် လူ၃၉၀၀လောက် သေဆုံးခဲ့မှုကြောင့် လူ့အခွင့်အရေးသမားများရဲ့ ဝေဖန်ပြောဆိုမှုတွေကို ခံနေရတာဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *