လေမှတစ်ဆင့်ကူးစက်တတ်သောရောဂါများ

လေမှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါတွေဟာ အသက်ရှုခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်းတို့မှတစ်ဆင့် လေထဲမှာ ပြန့်နှံ့သွားပြီး အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ခန္ဓာကိုယ်ထဲကို ဝင်ရောက်တတ်ကြပါတယ်။ လေကနေတစ်ဆင့်ကူးစက်တဲ့ရောဂါအုပ်စု (၃) မျိုးရှိပါတယ်။ ဗိုင်းရက်စ်၊ ဘက်တီးရီးယားနဲ့ မှိုရောဂါတွေဖြစ်ပါတယ်။

ဗိုင်းရက်စ်ရောဂါများ

လေကတစ်ဆင့်ကူးစက်တဲ့ ဗိုင်းရက်စ်ရောဂါတွေကတော့ အအေးမိရောဂါ၊ အဖျားဝေဒနာ၊ ဝက်သက်ရောဂါ၊ ပါးချိတ်ရောင်ရောဂါ၊ ရေကျောက်ရောဂါတို့ပဲဖြစ်ပါတယ်။ ဝက်သက်၊ ရေကျောက်နဲ့ ပါးချိတ်ရောင်ရောဂါတွေက အသက်ငယ်သူတွေမှာ ဖြစ်ပွားမှုများတယ်ဆိုပေမယ့် အရွယ်ရောက်ပြီးသားအရွယ်တွေမှာလည်း ဖြစ်ပွားတတ်ပါတယ်။ အအေးမိဖျားနာရောဂါကူးစက်ရာမှ အဆုတ်ရောင်ရောဂါအထိဖြစ်ပွားနိုင်ပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ဖြစ်စေပါတယ်။

ဘက်တီးရီးယားကြောင့် ဖြစ်ပွားသောရောဂါများ

တီဘီရောဂါ၊ အဆုတ်ရောင်ရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ ဆုံဆို့နာရောဂါ၊ ဦးနှောက်ရောင်ရောဂါစတာတွေက လေကတစ်ဆင့်ကူးစက်တတ်တဲ့ ဘက်တီးရီးယားရောဂါတွေ ဖြစ်ပါတယ်။ တီဘီရောဂါနဲ့ ဘက်တီးရီးယားအဆုတ်ရောင်ရောဂါတွေအတွက် ကာကွယ်ဆေးတွေရှိပေမယ့် ကူးစက်မှုနဲ့ သေဆုံးမှုကိုတော့ မထိန်းချုပ်နိုင်သေးပါဘူး။

မှိုကြောင့်ဖြစ်သော ရောဂါများ

လေကတစ်ဆင့်ကူးစက်တတ်တဲ့ မှိုကြောင့်ဖြစ်တဲ့ ရောဂါတွေက အသက်ရှူလမ်းကြောင်းမှတစ်ဆင့်ကူးစက်တာများပေမယ့် ဖုန်တွေ၊ ထိတွေ့တာတွေကြောင့်လည်း ကူးစက်နိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းရောင်ရမ်းမှုက မှိုကြောင့်ဖြစ်ပွားတဲ့ ရောဂါဖြစ်ပါတယ်။

ကာကွယ်ရမယ့်နည်းလမ်းများ

လူထူထပ်တဲ့နေရာတွေ၊ လေကောင်းလေသန့်မရရှိနိုင်တဲ့နေရာတွေက ရောဂါကူးစက်နိုင်ရမှုအများဆုံး နေရာတွေ ဖြစ်ပါတယ်။ အဲ့ဒီလိုနေရာတွေကို တတ်နိုင်သလောက်ရှောင်ပါ။ mask တပ်ပါ။ အဓိကကတော့ လက်ကိုသန့်ရှင်းအောင်ထားပါ။ လက်ဆေးပါ။ ရောဂါကူးစက်မှုကို ကာကွယ်နိုင်အောင် ကာကွယ်ဆေးထိုးပါ။ လိုအပ်တဲ့ဆေးကုသမှုခံယူပါ။

Leave a comment

Your email address will not be published. Required fields are marked *