လေယာဉ်ပေါ်မှာ မပြုလုပ်သင့်တဲ့အရာများ

မျက်ကပ်မှန်မတပ်သင့်ပါဘူး။

မျက်ကပ်မှန်တပ်ခြင်းက မျက်စိကိုခြောက်သွေ့စေပါတယ်။ လေယာဉ်စီးတဲ့အခါမှာ လေယာဉ်အတွင်းလေထုခြောက်သွေ့မှုနဲ့ ပေါင်းစပ်သွားပြီး  မျက်စိကိုကသိကအောင့်ဖြစ်စေပါတယ်။ သင့်အနေနဲ့ လေယာဉ်စီးတဲ့အခါမှာ မျက်ကပ်မှန်ထက် မျက်မှန်ကိုသာ အသုံးပြုသင့်ပါတယ်။

နှာစေးခြင်းကို သက်သာစေမယ့် ပစ္စည်းများ မမေ့သင့်ပါဘူး။

မလှုပ်မရှားဘဲ ထိုင်မနေသင့်ပါဘူး။

လေယာဉ်စီးနေတဲ့အချိန်မှာ သွေးလည်ပတ်မှုကနှေးတာကြောင့် မလှုပ်မရှားဘဲ ငြိမ်ငြိမ်လေးထိုင်နေရင် သွေးကြောပိတ်ဆို့မှုတွေဖြစ်တတ်တာကြောင့် လှုပ်ရှားမှုများပြုလုပ်သင့်ပါတယ်။

ဂတ်စ်ပါဝင်တဲ့အချိုရည်များ မသောက်သင့်ပါဘူး။

လေယာဉ်စီးတဲ့အခါမှာ မြေပြင်ကနဲ့မတူတဲ့ လေထုဖိအားကို ခံစားရမှာဖြစ်တဲ့အတွက် ဂတ်စ်ပါဝင်တဲ့အချိုရည်တွေကို လုံးဝမသောက်သင့်ပါဘူး။

လေယာဉ်စီးတာကြောက်တဲ့သူတွေအနေနဲ့ အနောက်ဘက်ပိုင်းမှာမထိုင်သင့်ပါဘူး။

လေယာဉ်စီးတာကြောက်တဲ့သူတွေအနေနဲ့ လေယာဉ်နောက်ပိုင်းမှာ မထိုင်သင့်ပါဘူး။ လေယာဉ်စီးတဲ့အခါမှာ အဆီများတဲ့အစားအစာများနဲ့ အရက်သေစာများကို မစားသုံးသင့်ပါဘူး။

အရက်မသောက်သင့်ပါဘူး။

လေယာဉ်ပေါ်မှာ လေထုခြောက်သွေ့ရုံသာမက ရေဓာတ်ဆုံးရှုံးမှုကို ပိုမိုဖြစ်စေပါတယ်။ အရက်သောက်ခြင်းက သွေးတွင်းအောက်ဆီဂျင်ပျော်ဝင်မှုကို နှေးကွေးစေတာကြောင့် လေယာဉ်စီးရင် အရက်မသောက်သင့်ပါဘူး။

လေယာဉ်ပေါ်ကပစ္စည်းတွေကို အကြောင်းမရှိဘဲမကိုင်တွယ်သင့်ပါဘူး။

ကိုယ့်ရှေ့မှာလေယာဉ်စီးသွားတဲ့လူတွေအများအပြားကိုင်တွယ်သွားတဲ့ ပစ္စည်းပစ္စယတွေမှာ ဘက်တီးရီးယားပိုးမွှားတွေ အများကြီးကပ်ငြိနေတတ်တာကြောင့် ပစ္စည်းတွေကို အကြောင်းမရှိဘဲ မကိုင်တွယ်သင့်ပါဘူး။

Leave a comment

Your email address will not be published.