လေယာဉ်မယ်မှ မော်ဒယ်တစ်ယောက်ပေါ်ဟင်းချိုမှောက်ကျသည့်အတွက် ဒဏ်ကြေးကန်ဒေါ်လာ တစ်သိန်းကျော်ပေးဆောင်ရ

မော်ဒယ်တစ်ယောက်ဟာ Incheon မြို့ကိုးရီးယားနိင်ငံမှ ပဲရစ်မြို့သို့ ပျံသန်းတဲ့ လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာရာ လေယာဉ်မယ်တစ်ယောက်မှ သူမ၏ပေါ်သို့ မတော်တဆဟင်းချို ဖိတ်ကျခဲ့ပါတယ်။ အဆိုပါဟင်းချိုဖိတ်ကျ ခဲ့မှုကြောင့် မော်ဒယ်Chang ဟာ ပေါင်နှင့် မိန်းမကိုယ်အင်္ဂါနေရာထိပါ အပူလောင်မှုဖြစ်ပွားခဲ့ပါတယ်။

မော်ဒယ်Chang ကိုဖြစ်စဉ်ဖြစ်ဖြစ်ချင်းတွင် လေယာဉ်ပေါ်မှ တာဝန်ရှိသူများက ထိရောက်သည့်ကုသမှု မပြုလုပ်ပေးခဲ့ဘဲ ရေခဲအိတ်ကိုသာ အသုံးပြုခဲ့တယ်လို့သိရပါတယ်။ အရေပြားခွဲစိတ်ကုသမှုခံယူပြီးရင်တောင်မှ ကိုယ်ဝန်ဆောင်ချိန်တွင် အန္တရာယ်ရှိနိုင်ကြောင်း မော်ဒယ်Chang ကပြောခဲ့ပါတယ်။ လေကြောင်းလိုင်းကမှု လေယာဉ်မယ်ဟင်းချိုမှောက်ခဲ့ရခြင်းမှာ မတော်တဆသာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

မော်ဒယ် Chang ဟာတရားရုံးတွင် ဤဖြစ်စဉ်ကို တရားဆွဲဆိုခဲ့ပြီး ကိုးရီးယားတရားရုံးမှ လေကြောင်းလိုင်းနှင့်လေယာဉ်မယ်ပေါင်းပြီး ဒဏ်ကြေးကန်ဒေါ်လာ ၁၀၁.၉၂၈ ဝမ်ပေါင်း(၁၀သန်း) ခန့်ပေးရန် အမိန့်ချမှတ်ခဲ့တယ်လို့ သိရှိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *