လေလွင့်ကြောင်တစ်ကောင်မှ အဖွားအိုတစ်ဦးအားသတ်

အသတ်ခံရတဲ့ အဖွားအိုဟာ အိမ်မှာ သွေးထွက်လွန်ပြီး သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။ အသက် ၈၂ နှစ်ရှိတဲ့ မယုကိုမက်စုမိုတို ကို သူ့သမီးဖြစ်တဲ့သူက အဖွားအိုရဲ့မျက်နှာမှာ ခြစ်ရာ အခု ၂၀ နဲ့အတူ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာကတော့ တောင်ပိုင်း ဂျပန်ပြည်၊ မီဖုန်း မှာဖြစ်ပါတယ်။

ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အဖွားအိုကိုတွေ့ရှိပြီးနောက်ပိုင်း ရဲတွေက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ “သူမကို တွေ့တဲ့အချိန်မှာ သွေးတွေဟာ သူမရဲ့ မေ့စေ့မှာ ပြန့်ကျဲနေပြီး သူ့မျက်နှာဆိုရင်သွေးတွေလတ်လတ်ဆတ်ဆတ်ရှိနေပါတယ်။” လို့ သူ့သမီးဖြစ်သူက RKK သတင်းဌာနကို ပြောပါတယ်။ “ဘာဖြစ်ခဲ့တယ်ဆိုတာ ကျမ မသိပါဘူး”။ အစီရင်ခံစာတွေအရ မစ်မက်စုမိုတိုက ဒီတိုက်ခိုက်ခံရမှုမှာ စကားမပြောနိုင်သူတစ်ယောက်ဖြစ်ပြီး အိပ်ယာထဲမှာလဲနေသူဖြစ်ကာ အရေးပေါ်ဆေးကုသမှု ခံနေရသူဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့တော့ အိမ်ကို ပရမ်းပတာ ဝင်ပြီး အကြမ်းဖက်ထားပုံမပေါ်ဘူးဆိုတာကိုတွေ့ရှိထားပါတယ်။ ဒါပေမယ့် အဖွားအိုရဲ့ သေဆုံးမှုဟာ ခြစ်ရာတွေနဲ့ဆိုတော့ သံသယ အရှိဆုံးအရာဟာ အကောင်တစ်ကောင်ဖြစ်မယ်လို့ NTV ကပြောထားပါတယ်။

နီရှင်းနီပွန်သတင်းစာအရ မစ် မက်စုမိုတို ရဲ့ အိမ်အနီးအနားက လေလွင့်ကြောင်တစ်ကောင်မှာ လူရဲ့သွေးလို့ယူဆနိုင်မယ့် အရာကို ရှာဖွေတွေ့ရှိထားပါတယ်။ အဲ့သွေးနမူနာကို ယူပြီး စစ်ဆေးမှုတွေဆက်လက်လုပ်ဆောင်နေပါတယ်။

ပြောရေးဆိုခွင့်ရှိသူတစ်ယောက် က AFP သတင်းဌာနကို စုံစမ်းစစ်ဆေးသူတွေက မီဒီယာရဲ့ စီရင်မှုကို အငြင်းပွားစရာဖြစ်အောင်လုပ်နေတာမဟုတ်ပါဘူးလို့ပြောပါတယ်။

Source: Sky News

Leave a comment

Your email address will not be published. Required fields are marked *