လျှပ်စစ်ပစ္စည်းသုံးစွန့်ပစ်အမှိုက်တွေ တောင်လိုစုပြုံလာတဲ့အတွက် ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။

မြင်လိုက်ရင်ကြက်သေ သေနိုင်လောက်တဲ့ လျှပ်စစ်ပစ္စည်းတွေနဲ့ အသေးစားကိရိယာတွေဟာ နေ့စဉ်နှင့်အမျှစွန့်ပစ်ခံနေရပါတယ်။ အဲ့လိုစုပြုံနေတဲ့အတွက် ပတ်ဝန်းကျင်ကို တစ်နည်းနည်းနဲ့အကျိုးသက်ရောက်လာနိုင်တဲ့အတွက် ချက်ချင်းလက်ငင်းဆောင်ရွက်သင့်တဲ့ကိစ္စတစ်ခုအနေနဲ့ ကုလသမဂ္ဂ က သတိပေးလိုက်တာဖြစ်ပါတယ်။

ကမ္ဘာမှာရှိတဲ့ လျှပ်စစ်သုံးပစ္စည်းတွေက လွန်ခဲ့တဲ့နှစ်ကစပြီး ၈ % အထိတိုးပွားလာတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲ့ဒီထဲက ၅% လောက်ပဲ ပြန်လည်ဆန်းသစ်ပြီး အသုံးပြုနိုင်သေးတာဖြစ်ပါတယ်။

ကွန်ပျူတာအဟောင်းတွေ၊ အိမ်သုံး ကိရိယာတန်ဆာပလာတွေနဲ့ အသေးစားကိရိယာတွေကို ၂၀၁၆ မှာ စုစုပေါင်း တန်ချိန် ၄၄.၇ တန်ထိ စွန့်ပစ်ထားပါတယ်။ ဒီပမာဏကို ပိုမြင်သာအောင်လုပ်ဖို့ သုတေသီတွေက တွက်ချက်ခဲ့ကြပြီး ၎င်းပမာဏဟာ အီဖယ် မျှော်စင်ရဲ့ တန်ချိန် ၄၅၀၀ နဲ့ညီမျှပြီး ထရပ်ကားနဲ့တင်မယ်ဆိုရင် ၁.၂၃ မီလီယံလောက်လိုအပ်ပြီးဆွဲဆန့်ကြည့်မယ်ဆိုရင်တော့  နယူးယောက်နဲ့ ဘန်ကောက်အသွားအပြန်စာ ညီမျှပါတယ်။

ဗြိတိန်မှာဆိုရင် လူတွေစွန့်ပစ်တဲ့ ကိရိယာတန်ဆာပလာဟာ ၂၅ ကီလိုဂရမ်လောက်ရှိပါတယ်။ လက်ရှိမှာပြန်လည်အသုံးပြုတဲ့နှုန်းကတော့ ၄၅% ရှိပြီး ၂၀၁၉ မှာ ၆၅% ထိ အမှိုက်တွေကို ပြန်လည်အသုံးပြုနိုင်အောင်ကြိုးစားမယ်လို့ အစိုးရကဆိုပါတယ်။ စနစ်တကျနဲ့ ပြန်လည်အသုံးပြုနိုင်အောင်လုပ်မယ်ဆိုရင်တော့ အမှိုက်တွေကို ခန့်ခွဲတဲ့ ဌာနတစ်ခုလိုအပ်ပြီး WEEE လို့ခေါ်တဲ့ လျှစ်စစ်ပစ္စည်းဆိုင်ရာ စွန့်ပစ်ပစ္စည်းတွေနဲ့ တပ်ဆင်ကိရိယာ ဌာနကို တရားဝင်လုပ်ဆောင်ဖို့ ခွင့်ပြုပေးရမှာဖြစ်ပါတယ်။

ကန့်မှာရှိတဲ့ စွက်ကူဇာကိုစီ က စစ်တင်းဘုန်းဟာ ဗြိတိန်ရဲ့ အကြီးဆုံး WEEE စင်တာတစ်ခုဖြစ်ပြီး အမှိုက်တန်ချိန် ၃၆၀၀၀ ကိုင်တွယ်ဆောင်ရွက်နေပါတယ်။ အကြီးစားပစ္စည်းတွေဖြစ်တဲ့ အဝတ်လျှော်စက်နဲ့ ရေခဲသေတ္တာတွေအစား အသေးစားလျှပ်စစ်ပစ္စည်းတွေကို ပြန်လည်အသုံးပြုလို့ရအောင်လုပ်ဆောင်တဲ့ ဌာနတစ်ခုလည်းဖြစ်ပါတယ်။ စွန့်ပစ်လျှပ်စစ်ပစ္စည်းတွေကို သေးသေးလေးဖြစ်အောင် ထုချေလိုက်ပြီး ပြန်လည်အသုံးပြုလို့ရတဲ့ ပစ္စည်းနဲ့ သုံးလို့မရတဲ့ပစ္စည်းဆိုပြီးခွဲထုတ်လိုက်ပါတယ်။

စီးပွားရေး မန်နေဂျာတစ်ယောက်ဖြစ်တဲ့ ဂျပ်စတင် ဂရင်းနဝေးလ်က “PC ကွန်ပျူတာတွေက သူတို့အတွက် ရွှေပါပဲလို့ပြောပါတယ်။ ကွန်ပျူတာတစ်ခုစီတိုင်းမှာ ရွှေ ၇ ဂရမ်ရှိနေနိုင်ပါတယ်။ ကျွန်တော်တို့ ကွန်ပျူတာကို လှည့်ပြီး ခွဲထုတ်လိုက်တဲ့အခါမှာ အဲ့ဒါကို သတ္တု၊ ပလပ်စတစ် နဲ့ စားကစ် ပြားတွေပြန်လုပ်ပါတယ်။ ကျွန်တော်တို့ဟာ စားကစ်ပြားတွေကို အရည်ပျော်စေပြီး အဲ့ကနေ ရွေကိုဖန်တီးပါတယ်။”

ဒါပေမယ့် စိန်ခေါ်မှုတစ်ခုကတော့ လူတွေကို လျှပ်စစ်ပစ္စည်းတွေနဲ့ အိမ်သုံးပစ္စည်းတွေကို အတူတူမပစ်ဖို့ ပြောဆိုမဆွဲဆောင်နိုင်တဲ့ အချက်ပါပဲ။ “တစ်ချို့ပစ္စည်းတွေကို ပြန်လည်အသုံးပြုလို့ရရင် အသုံးပြုတယ်။ ပြန်သုံးလို့မရရင် မီးရှို့ဖျက်ဆီးလိုက်ပြီး တစ်ချို့ကို မြေဖို့လိုက်ကာ တစ်ချို့ကို လိုချင်တဲ့ အသုံးအဆောင်အနေနဲ့ပြန်လည်ဖန်တီးပါတယ်လို့” မစ္စတာ ဂရင်း ဝေးလ်က ပြောပါတယ်။

စက်ရုံတွေကတော့ ပစ္စည်းအသစ်တွေ ဆိုင်ကို မရောက်ခင် အဟောင်းတွေကို စုဆောင်းပေးတာနဲ့ စွန့်ပစ် ဖို့အတွက် သူတို့က တရားဝင် လစာပေးပါတယ်။ ဒါပေမယ့် ပစ္စည်းတွေကို ဈေးပေါပေါနဲ့ ရောင်းချတာက လူတွေ အမှိုက်အလွယ်တကူစွန့်ပစ်တဲ့ အလေ့အထကို ဖြစ်စေပါတယ်။

တစ်ကယ်လို့သာအသုံးဝင်တဲ့ အပိုင်းအစတွေကို မစွန့်ပစ်ဘူးဆိုရင် အမှိုက်တွေရဲ့ တန်ဖိုးဟာ ၅၅ ဘီလီယံချီတန်တယ်လို့ ကုလသမဂ္ဂ က ခန့်မှန်းထားပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *