လွန်ခဲ့သောနှစ်က တောင်အာဖရိကတွင် ကြံ့ပေါင်းတစ်ထောင်ကျော်ဟာ မုဆိုးများ၏သတ်ဖြတ်ခြင်းခံရ

တောင်အာဖရိကတွင် အစိုးရမှထုတ်ပြန်ချက်အရ ကြံ့များကို တရားမဝင် သတ်ဖြတ်မှုနှုန်းမှာ ဆက်လက်မြင့်မားနေပါတယ်။ ၂၀၁၇တွင် ကြံ့ပေါင်းတစ်ထောင်ကျော်မှာ ချိုကြောင့်သတ်ဖြတ်ခြင်းခံခဲ့ရပြီး ၂၀၁၆ထက် ၂၆ကောင်သတ်ဖြတ်မှုနှုန်း နည်းပါးခဲ့ပါတယ်။

တောင်အာဖရိကဟာ ကမ္ဘာပေါ်တွင် ကြံ့ပေါင်း၈၀ကျော်ရာခိုင်နှုန်း၏ အိမ်လို့ပြောလို့ရပါတယ်။ တောင်အာဖရိကဘေးမဲ့တောရှိ ကြံ့များကို အစိုးရက ထိန်းသိမ်းထားနိုင်သော်လည်း ဘေးမဲ့တောပြင်ပမှ ကြံ့များကို တရားမဝင်သတ်ဖြတ်ခြင်းကို ထိထိရောက်ရောက်မတားဆီးနိင်ပေ။ ကြံ့ချိုကိုအာရှတိုက်တွင် အများဆုံးဝယ်ယူကြပြီး အထူးသဖြင့်ဗီယက်နမ်နိင်ငံတွင် ဝယ်လိုအားအများဆုံးဖြစ်နေပါတယ်။ အချို့က ကြံ့ချိုကို ကင်ဆာရောဂါနှင့်အခြားရောဂါများအတွက် ဆေးအနေဖြင့်မှီဝဲကြပါတယ်။တချို့ကတော့ ကြံ့ချိုကို အနုပညာပစ္စည်းဖြင့် ပုံဖော်ကြပီးရောင်းချကြပါတယ်။ နယ်စပ်မြို့နှင့် တောင်အာဖရိကနိုင်ငံအတွင်းတွင် ကြံ့ချိုရောင်းချမှုများကို လုံးဝတားမြစ်ထားပါတယ်။

Kruger အမျိုးသားဥယျာဉ်တွင် ကြံ့များကို တရားမဝင်သတ်ဖြတ်ခြင်းမှကာကွယ်ရန် အစိုးရကနည်းပညာအကူအညီ၊ အနံ့ခံရာတွင်ကျွမ်းကျင်သော ထိန်းကျောင်းထားသည့်ခွေးများမွေးထားတယ်လို့ သိရပါတယ်။

Source – National Geographic

Leave a comment

Your email address will not be published. Required fields are marked *