လွယ်ကူရိုးရှင်းတဲ့ ကျန်းမာရေးစစ်ဆေးမှုနည်းလမ်းများ

ပျော့ပျောင်းမှု

ခြေထောက်နှစ်ဖက်ကို ရှေ့သို့ဆန့်ပြီး လက်ဖျားနဲ့ခြေဖျားကို ထိအောင်ကွေးကြည့်ပါ။ လွယ်လွယ်ကွေးနိုင်ရင်တော့ သင့်ခန္ဓာကိုယ်က ကောင်းမွန်တဲ့ပုံစံမှာ ရှိနေပါတယ်။ အကယ်၍ ကွေးရတာခက်ခဲနေတယ်ဆိုရင်တော့ သင့်ရဲ့အဆစ်အမြစ်တွေ အားနည်းနေတာကြောင့်ဖြစ်ပါတယ်။

နှလုံးခုန်နှုန်း

ငါးမိနစ်လောက် ငြိမ်ငြိမ်လေးထိုင်နေလိုက်ပါ။ ပြီးရင် လက်ကောက်ဝတ်နေရာကို လက်လေးတွေနဲ့ဖိပြီး သွေးခုန်နှုန်းကို စမ်းပါ။ အရွယ်ရောက်ပြီးသူများနဲ့ အသက် ၁၀ နှစ်အထက်ကလေးတွေရဲ့ သွေးခုန်နှုန်းက တစ်မိနစ်မှာ ၆၀ ကနေ ၁၀၀ ကြားရှိရင် ပုံမှန်ဖြစ်ပါတယ်။ အဲ့ဒါထက် နည်းနေရင် ဒါမှမဟုတ် များနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက်ချောင်းများ

ရေခဲရေထဲမှာ လက်ချောင်းလေးတွေကို စက္ကန့် ၃၀ ခန့် စိမ်ထားပေးလိုက်ပါ။ လက်ချောင်းထိပ်လေးတွေ ဖြူလာရင် ဒါမှမဟုတ် ပြာလာတယ်ဆိုရင် သွေးလည်ပတ်မှုမှာ ပြဿနာရှိနေတာကြောင့် ဖြစ်နိုင်ပါတယ်။

အသက်ရှူစနစ်

မီးတောက်တစ်ခုကို မျက်နှာရှေ့တည့်တည့်မှာ ထားပါ။ ပြီးရင် အသက်ကို နှာခေါင်းကနေ ပြင်းပြင်းရှူသွင်းလိုက်ပြီး ပါးစပ်ကနေပြန်ရှူထုတ်လိုက်ပါ။ ရှူထုတ်လိုက်တဲ့လေကြောင့် မီးတောက်မငြိမ်းသွားဘူးဆိုရင် သင့်ရဲ့အသက်ရှူလမ်းကြောင်းစနစ်က အားနည်းနေတာဖြစ်ပါတယ်။

သိုင်းရွိုက်

လက်ကိုရှေ့ထုတ်ပြီး လက်ဖဝါးဖြန့်ထားလိုက်ပါ။ လက်ဖဝါးပေါ်ကို စာရွက်တစ်ရွက်တင်ထားပါ။ လက်ချောင်းလေးတွေနဲ့အတူ လက်ပေါ်ကစာရွက်က တုန်ယင်နေတယ်ဆိုရင်တော့ သင့်မှာ သိုင်းရွိုက်ပြဿနာရှိနေပါပြီ။

Leave a comment

Your email address will not be published. Required fields are marked *