လှောင်အိမ်ကနေလွတ်သွားတဲ့ ကျားတစ်ကောင်ဟာ ပဲရစ်မြို့ အီဖယ်မျှော်စင် တစ်မိုင်အကွာမှာ ပစ်သတ်ခံခဲ့ရ

အဲ့လိုပစ်သတ်မခံရခင်မှာ ကျားဟာ လှောင်အိမ်ကနေ လွတ်သွားခဲ့ပြီး လျှောက်သွားနေခဲ့တာပါ။ ကျားဟာ ၂၀၀ ကီလိုဂရမ်လောက်ရှိပြီး ပြစ်သစ်မြို့တော်ရဲ့ လမ်းမှာ မသတ်ခံ ရခင်အချိန်အထိ လျှောက်သွားနေခဲ့တာပါ။

 

ရဲက လာမယ့်အပတ်မှာ ဂါရီဂလီယန်နို တံတားအနား အီဖယ်မျှော်စင်တစ်မိုင်အကွာနားမှာ ဆက်ကပ်ပြဖို့ရှိတဲ့အတွက် ဆက်ကပ်မှာ ရှိတဲ့ ဝန်ထမ်းတစ်ယောက်က ကျားကို လွတ်လွတ်လပ်လပ်နေစေချင်တာကြောင့် အခုလို လွတ်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။

 

ကျားဟာ ပါးစပ်မှာ သွေးထွက်ကာသေနေခဲ့ပြီး ရင်အုံနားမှာလည်း သွေးတွေဗလပွနဲ့ သေဆုံးနေတဲ့ပုံကို ပြင်သစ်မီဒီယာမှာ ထုတ်ဝေခဲ့ပါတယ်။ ကျားဟာ နိုဝင်ဘာလ ၂၄ရက်နေ့ ညနေ ၅ နာရီလောက်က ဘောလ်မန်း မော်ရီနို ကနေလွတ်မြောက်ခဲ့ပြီး ၎င်းဟာ ဘယ်သူ့ကိုမှ ရန်မူချင်တဲ့စိတ်ရှိပုံမရပါဘူး။

မျက်မြင်တစ်ယောက် BFMTV ကိုပြောတာက “သူဟာကျားလမ်းပေါ်မှာပြေးနေတာကိုတွေ့ခဲ့ပြီး သေနတ်သံ သုံးချက်ကြားခဲ့ပါတယ်။ ကျားဟာ မြေပြင်ပေါ်လဲကျသွားခဲ့ပြီး ၎င်း ကိုယ်ပေါ်မှာလည်း သွေးတွေနဲ့ လို့”ပြောပါတယ်။ အများပြည်သူသုံး ကားတွေရပ်လိုက်ရပြီး အရေးပေါ်ကားတွေ အပြေးအလွှားရောက်လာကြပါတယ်။

“ပိုင်ရှင်ကတော့ တော်တော်လေးလန့်သွားပါတယ်။ ကျွန်တော်တို့ရောက်တဲ့အချိန်မှာ ၂၀၀ ကီလိုဂရမ် ကျားဟာ သေနေခဲ့ပါပြီ။” လို့ သေနတ်သမား ပြောရေးဆိုခွင့်ရှိသူက တစ်ဆင့်ပြန်ပြောပါတယ်။ ကျား ဟာ လမ်းကျဉ်းကျဉ်း လေးထဲမှာ သေဆုံးခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်မှာ ခရီးသွားတစ်ယောက်မှ မရှိပါဘူး။ ဒီမတော်တဆ ဖြစ်ရပ်ဟာ ပတ်ဝန်းကျင် ချစ်မြတ်နိုးသူတွေအတွက် ဒေါသထွက်စေခဲ့ပြီး ဘရစ်ဂတီ ဘားဒေါ့ ဖောင်ဒေးရှင်း က ဆက်ကပ်တွေမှာ တိရိစ္ဆာန် အသုံးပြုခွင့်ကို တားမြစ်ဖို့ တောင်းဆိုလိုက်ပါတယ်။

အဲ့ဒီအဖွဲ့အစည်း က “အဲ့ဒီအချိန်မှာ လူ တစ်ယောက်မှ သားကောင်အဖြစ်နဲ့ ရှိမနေခဲ့တာဟာ အံ့ဖွယ်ဖြစ်ရပ်တစ်ခုလို့” ပြောပါတယ်။ “ကျွန်တော်တို့ဟာ ဒီလို တောရိုင်းတိရိစ္ဆာန်တွေ လူတွေရဲ့ ကျွန်အဖြစ်နဲ့ အသုံးချခံနေရတာကို ချက်ချင်းတားမြစ်ဖို့ တုန့်ပြန်သွားမယ်လို့” ပြောကြားခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *