ဝါရှင်တန်ပြည်နယ်တွင် အသစ်ပြေးဆွဲသော ခရီးသည်တင်ရထားတစ်စီး လမ်းချော်မှုဖြစ်ပွား

ဒီဇင်ဘာလ ၁၉ရက်နေ့ နံနက်ရုံးတက်ချိန်တွင် အမေရိကန်နိုင်ငံ အနောက်မြောက်ပိုင်း၊ ဝါရှင်တန်ပြည်နယ်ရှိ ဆီယက်တဲမြို့မှာ ပထမဦးဆုံးအကြိမ် စတင်ပြေးဆွဲသော ရထားတစ်စင်း လမ်းခုလက်ရှိ တံတားပေါ်မှ လမ်းချော်ပြီး ကားများပြည့်နေတဲ့ ဝေးပြေးလမ်းမကြီးပေါ်သို့ ထိုးကျသွားခဲ့ပါတယ်။

၎င်းလမ်းချော်သောရထားပြေးဆွဲသောလမ်းဟာ ယခင်က ကုန်တင်ရထားများသာပြေးဆွဲသော ရထားလမ်းဖြစ်တယ်လို့ သိရပါတယ်။ ၎င်းခရီးသည်တင် ရထားဟာ အဆိုပါလမ်းပေါ်သို့ ပထမဦးဆုံးပြေးဆွဲသော ခရီးသည်တင် ရထားဖြစ်ပါတယ်။ ၎င်းရထားဟာ လမ်းချော်မှုမဖြစ်ပွားမီတွင် တစ်ခုခုကိုတိုက်မိခဲ့ပုံရတယ်လို့လည်း သတင်းတစ်ချို့ကပြောကြားပါတယ်။

ရထားပေါ်ပါလာသော ခရီးသည်အနည်းဆုံး ၃ဦးသေဆုံးခဲ့ရပြီး လူအယောက်ပေါင်း တစ်ရာလောက်ကို ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားပြီးတော့ နာရီပိုင်းအတွင်းမှာ သမ္မတထရမ့်မှ အမေရိကန် အခြေခံအဆောက်အဦတွေကို တိုးတက်အောင်လုပ်ဖို့ ၎င်း၏အဆိုပြုချက်ကို လက်ခံအတည်ပြုရန် ဒီဖြစ်ရပ်က ပြနေပါတယ်လို့ တွစ်တာ လူမှုကွန်ရက်တွင်ရေးသားခဲ့တယ်လို့ သိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *