ဝေလငါး ဖမ်းဆီးခြင်းကိုခွင့်ပြုလိုက်တဲ့ ဂျပန်

ယခုနှစ်ကစပြီး ဂျပန်နိုင်ငံမှ ငါးဖမ်းလုပ်ငန်းများအနေနဲ့ ဝေလငါးများကို ဖမ်းဆီးခွင့်ပေးလိုက်ပြီးဖြစ်ကြောင်း သိရှိရ ပါ တယ်။ ဂျပန်နိုင်ငံရဲ့ ထုတ်ပြန်ချက်အရ ဂျပန်ရေပိုင်နက်အတွင်းရှိ minke၊ Bryde’s နှင့် sei ဝေလငါးမျိုးစိတ်များကို သုတေသနလုပ်ငန်းတွေမှာ အသုံးပြုရန်တွက်အကောင်ရေစုစုပေါင်း (၂၂၇) ကောင်အထိဖမ်းဆီးခွင့်ပြုလိုက်ကြောင်း သိ ရှိရပါတယ်။

ဂျပန်ဟာ ဝေလငါးဖမ်းဆီးမှုကို ရပ်တန့်ထားတာ နှစ် (၃၀) ကျော်ခဲ့ပြီဖြစ်ပါတယ်။ ၁၉၈၆ ခုနှစ်တွင် အပြည်ပြည် ဆိုင် ရာ ဝေလငါးကော်မရှင် (IWC) က ဝေလငါးများ မျိုးတုန်းတော့မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး စီးပွားဖြစ် ဖမ်းဆီး ခြင်းကို ရပ်တန့်ရန်အတွက် ကမ္ဘာ့နိုင်ငံများအကြား သဘောတူစာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ထိုစဉ်က ဝေလငါးများကို စားသုံးတဲ့ ဂျပန်၊ နော်ဝေးနှင့် အိုင်ရာလန် စတဲ့နိုင်ငံတွေဟာ ၎င်းသဘောတူညီမှုနှင့် ပတ်သက်ပြီး အငြင်းပွားမှု များဖြစ် ခဲ့ပါတယ်။ သို့သော် IWC က ၎င်းဟာ အချိန်အပိုင်းအခြားတစ်ခုအထိသာဖြစ်ကြောင်း ပြောကြားခဲ့သဖြင့် လက်မှတ်ရေး ထိုးခဲ့တာဖြစ်ပါတယ်။ သို့သော် အချိန်အပိုင်းအခြားတစ်ခုထိမဟုတ်ပဲ ထာဝရပိတ်ထားမှာ ဖြစ်တဲ့အတွက် ဂျပန်ဘက်မှ အခုလိုမျိုး သဘောတူညီမှုကို ချိုးဖောက်ရတာဖြစ်ကြောင်း ရှင်းပြသွားခဲ့ပါတယ်။

ဂျပန်ဟာ ဝေလငါးများကို ဖမ်းဆီးခဲ့တာ နှစ်ပေါင်း (၄၀၀)လောက်ရှိခဲ့ပြီဖြစ်ပါတယ်။ ၁၉၈၆ခုနှစ် သဘောတူ စာချုပ် ချုပ်ဆိုပြီးမှ ရပ်နားခဲ့တာဖြစ်ပြီး ယခုနှစ်မှ စတင်ကာ ပြန်လည်ဖမ်းဆီးတော့မှာ ဖြစ်ကြောင်းကြေငြာချက် ထုတ်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၈၆ခုနှစ် သဘောတူစာချုပ်မချုပ်ဆိုမီက ဂျပန်နိုင်ငံဟာ တစ်နှစ်ကို ဝေလငါးပေါင်း (၂၀၀)မှ (၁၂၀၀) အထိ ဖမ်းဆီးပြီး ရောင်းဝယ်မှုတွေပြုလုပ်နေခဲ့တာဖြစ်ပါတယ်။

ဂျပန်ကဖမ်းဆီးခွင့်ပြုလိုက်တဲ့ ဝေလငါးတွေထဲမှာ minke ဝေလငါး(၅၂)ကောင်၊ Bryde’s ဝေလငါး(၁၅၀)ကောင် နှင့် sei ဝေလငါး(၂၅)ကောင် စုစုပေါင်း (၂၂၇) ဖြစ်ပါတယ်။ minke နဲ့ Bryde’s မျိုးစိတ်ကတော့ မျိုးတုန်းတော့မယ့် စာရင်းတွင်မပါဝင်သေးပေမယ့် sei ဝေလငါးမျိုးစိတ်ကတော့ အနီရောင်အဆင့် မျိုးတုန်းတော့မယ့် ဝေလငါးစာရင်းတွင် ပါဝင်နေတာ တွေ့ရှိရပါတယ်။ ဂျပန်က သူတို့ရဲ့ကနဦးခန့်မှန်းချက်အရ (၃၃၃)ကောင်အထိဖမ်းဆီးရမှာဖြစ်ပေမယ့် (၂၂၇)ကောင်ကိုသာ ဖမ်းဆီးခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။

ဝေဖန်သူများကတော့ ဂျပန်ရဲ့ လုပ်ရပ်ကို အပြစ်တင်ရှုပ်ချနေကြပြီး၊ သူတို့အနေဖြင့် သုတေသနလုပ်ဖို့ဟု ပြောသော် လည်း၊ စားသုံးဖို့အတွက်နှင့် အရောင်းအဝယ်ပြုလုပ်ဖို့အတွက် ပါအသုံးပြုသွားကြမှာဖြစ်ကြောင်း အပြစ်တင်ပြောဆိုနေ ကြပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *