သကြားရဲ့အသုံးဝင်ပုံများ

သကြားကို အလွန်အကျွံစားသုံးခြင်းက ကျန်းမာရေးအတွက် မကောင်းနိုင်ဘူးဆိုပေမယ့် သကြားက တစ်ခြားနေရာတွေမှာ အလွန်အသုံးဝင်နေတာကို တွေ့ရှိရပါတယ်။ ဘယ်လိုနေရာတွေမှာ အသုံးဝင်လဲဆိုတာကိုတော့ လေ့လာကြည့်ကြရအောင်။

Heap of Sugar on vintage wooden background

လေ့လာတွေ့ရှိချက်များအရ ဒဏ်ရာရခဲ့ရင် သကြားကို ဒဏ်ရာပေါ်မှာ ဖြူပေးထားလိုက်ရင် အနာအမြန်ကျက်စေတာကို တွေ့ရှိရပါတယ်။

နှုတ်ခမ်းခြောက်နေတဲ့အခါမှာ သကြားနဲ့ scrub ပြုလုပ်ပေးလိုက်ရင် နှုတ်ခမ်းတစ်ဝိုက်မှာ သွေးလည်ပတ်မှုကောင်းမွန်လာပါလိမ့်မယ်။

သကြား၊ ဆန်မှုန့်နဲ့ နွားနို့တို့ကို တစ်ဇွန်းဆီရောပြီး မျက်နှာပေါ်မှာလိမ်းပေးပါ။ ပြီးရင် ငါးမိနစ်လောက် နှိပ်နယ်ပေးလိုက်ပါ။ အသားအရေကို သန့်ရှင်းစေပြီး ပိုမိုချောမွေ့စေပါတယ်။

အသားအရေကို ချောမွေ့တောက်ပြောင်ချင်ရင်တော့ သကြားလေးဇွန်းနဲ့ အသီးအရွက်ဆီတစ်ဇွန်းကိုရောပြီး body scrub ပြုလုပ်ပေးနိုင်ပါတယ်။

ကွတ်ကီးတွေကို ပိုမိုကြာရှည်အောင် သိမ်းထားချင်ရင်တော့ သကြားခဲလေးတွေနဲ့အတူ သိမ်းဆည်းထားနိုင်ပါတယ်။

လက်မှာ အင်ဂျင်ဝိုင်လို ဖျက်လို့မလွယ်တဲ့ဆီတွေ စွန်းထင်းရင်တော့ သကြားကို အုန်းဆီနဲ့ရောပြီး သုတ်လိမ်းပြီးမှ ရေဆေးပေးလိုက်ပါ။

ပန်းတွေကို ကြာရှည်ခံချင်ရင်တော့ သကြားသုံးဇွန်း၊ ရှာလကာရည် နှစ်ဇွန်းကို ရောပြီး ဖြန်းပေးထားနိုင်ပါတယ်။

အင်းစက်ပိုးမွှားတွေကိုက်ခံရရင်လဲ အဲ့ဒီနေရာကို သကြားအုံပေးထားလိုက်ရင် အဆိပ်တွေပြေစေပြီး ရောင်ရမ်းခြင်းကိုလည်း မဖြစ်စေပါဘူး။

Leave a comment

Your email address will not be published. Required fields are marked *