သခင်အတွက် အသက်ပေးသွားတဲ့ ခွေးကလေး Zero

အမေရိကန်ရဲ့ ဒုတိယအကြီးဆုံး Texas ပြည်နယ် Houston မြို့မှာ မတ်လ ၂၄ရက်နေ့ တနင်္ဂနွေနေ့ ညက Martinez မိသားစု နေအိမ်မှာ ပစ်ခတ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ ၎င်းပစ်ခတ်မှုမှာ Zero လို့ခေါ်တဲ့ labrador ခွေးဟာ သခင်ရဲ့ အသက်ကို ကာကွယ်ဖို့အတွက် ပစ်ခတ်သူကို တိုက်ခိုက်ရင်း အသက်ပေးသွားတာ ဖြစ်ပါတယ်။

၎င်းညမှာ Martinez မိသားစုဟာ မွေးနေ့ပွဲလေးတစ်ခုကို ပြုလုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။ ထိုအချိန်မှာပဲ Martinez မိသားစုရဲ့မိတ်ဆွေဖြစ်သူ Javian Castenada ဟာ အိမ်ထဲဝင်လာပြီး သူ့မိဘကိစ္စနဲ့ ပတ်သက်ပြီး ငြင်းခုန် ပြောဆိုရင်း သေနတ်ဖြင့် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ Martinez မိသားစုရဲ့ ပြောပြချက်အရသိရှိရပါတယ်။ Javian Castenada နဲ့ စကားများရန်ဖြစ်ပြီး Castenada မှ သေနတ်ထုတ်ပြီး ပစ်တဲ့အချိန်မှာပဲ Zero က သခင်အရှေ့ကို ဝင်ကာပြီးနောက် Castenada ကို ပြန်လည်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ပစ်ခတ်မှုကြောင့် Martinez ရဲ့ သမီး Valori Pace ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး Zero ကတော့ သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ပါတယ်။ Martinez မိသားစုက သူတို့ရဲ့ ချစ်ရတဲ့ ခွေးလေး Zero ကို “Zero the Hero” လို့ တင်စား ခေါ်ဝေါ်ခဲ့ပါတယ်။ တရားခံကို ရဲတွေက လိုက်လံရှာဖွေနေတယ်လို့လဲ သိရပါတယ်။

Source : Fox News

Leave a comment

Your email address will not be published. Required fields are marked *