သင်္ချာဗေဒ ပညာရှင် ဗလာဒီမာ ၀ိုဝေါ့စကီ ကွယ်လွန်

အတန်းထဲမှာ စာသင်ကြားခဲ့တဲ့သူမဟုတ်ဘူးဆိုရင်တော့ ထုံးစံအရ ထိုလူမှာ ဘာမှကြွားစရာတော့ရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဗလာဒီမာ ၀ိုဒေါ့စကီကတော့ ဒီအစဉ်အလာကို ချိုးဖျက်နိုင်ခဲ့သူပါ။ သူဟာဆိုရင် သချာင်္နဲ့ပတ်သက်တဲ့ ကဏ္ဍသစ်တစ်ရပ် ကို ရှာဖွေ့တွေ့ရှိခဲ့တဲ့အတွက် ဂုဏ်ပြုခြင်းခံခဲ့ရပါတယ်။ သူရှာတွေ့ခဲ့ဟာတွေကတော့ motovic homotopy သီအိုရီ နဲ့ သချာင်္ဆိုင်ရာ  သက်သေပြချက်တွေအတွက် ကျွန်ပြူတာ tool တွေကို ရှာဖွေ့တွေ့ရှိထားသူလို့ နယူးယောက်တိုင်မ်း က လေ့လာရှာဖွေထားချက်အရသိရပါတယ်။ ဒီထူးခြားတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး အခြားသော သချာင်္ပညာရှင်တွေက ချဉ်းကပ် ရှာဖွေဖို့ မ၀ံ့ရဲပေမယ့် ၀ိုကော့စကီ ရဲ့ ကြိုးစားအားထုတ်မှုကြောင့် စက်ရုံတွေ၊ လူတွေနဲ့ သူတို့ ရဲ့အလုပ်နဲ့ ပတ်သက်တဲ့ အချက်အလက်ပြန်လည်စစ်ဆေးရာမှာ များစွာ အသုံးဝင်ခဲ့ပါတယ်။

သူဟာ အမည်မသိ နိုင်တဲ့ ကိစ္စတစ်ခုနဲ့ စက်တင်ဘာလ ၃၀ ရက်နေ့မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ သူကွယ်လွန်တဲ့အချိန်မှာ သူ့အသက်က ၅၁ နှစ်လောက်ရှိပြီး နယူဂျာစီ၊ ပရင်စတန်က သူ့အိမ်မှာ သေဆုံးခဲ့တာဖြစ်ပါတယ်။ သူသေဆုံးသွားတဲ့အချိန်မှာ တော့ သူ့မိန်းမ နဒီယာ ရှလဘီနဲ့ သမီးနှစ်ယောက် ကျန်ခဲ့ပါတယ်။

Vladimir Voevodsky

“သူ့ရဲ့ အခြေခံကျတဲ့ သချာင်္နဲ့ပတ်သက်တဲ့ အချက်တွေက သူသာမဖော်ထုတ်ခဲ့ဘူးဆိုရင် ကျွန်တော်တို့အနေနဲ့ တွေးတောစိတ်ကူးဖို့တောင်မဖြစ်နိုင်ဘူးလို့” အနောက်တိုင်း အန်တိုရီယို တက္ကသိုလ်က သူ့ရဲ့ အရင်က လုပ်ဖော်ကိုင်ဖက်ဖြစ်ဘူးသူ ခရစ်ကပ်ပူကင် က တိုင်မ်း သတင်းစာတိုက် ကိုပြောပါတယ်။

ဝိုကော့စကီ ရဲ့ အောင်မြင်မှုတွေထဲကတစ်ခုကတော့ “ညီမျှခြင်းသင်္ကေတတွေရဲ့ အဓိပ္ပါယ်တွေကို ပြောင်းလဲခြင်း” ပဲဖြစ်ပါတယ်။ 2002 ခုနှစ်မှာ သချာင်္ဆိုင်ရာ wormhole တည်ရှိနေခြင်း ကိုရှာဖွေတွေ့ရှိခဲ့ခြင်းအတွက် ဆုတံဆိပ်ရရှိခဲ့ပြီး ဒီတွေ့ရှိချက် ဟာ လက်တွေ့ကျတဲ့ သီိအိုရီတစ်ခုအဖြစ် သချာင်္နဲ့ ပတ်သက်ဆက်နွယ်မှုရှိသော အလုပ်တွေမှာ အသုံးချနိုင်ခဲ့ပါတယ်။

ရိုးရာအရ သူဟာ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ ကျောင်းသားတစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး။ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့ပါတယ်။ တိုင်မ်း သတင်းအရ သူဟာကျောင်းကနေ သုံးကြိမ်တိုင်တိုင် ထုတ်ခံခဲ့ရပါတယ်။ သူဟာကျောင်းက သတ်မှတ်ထားတဲ့ စံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက်ကြောင့်လည်း မော်စကို တက္ကသိုလ်ကနေ ထုတ်ခံခဲ့ရပါသေးတယ်။ နောက်ပိုင်းမှာ သူဟာ ဟားဗတ်မှာ ကျောင်းတက်ခဲ့ပါတယ်။ ဘာသာရပ်နဲ့ပတ်သက်တဲ့ အတန်း တွေ တက်ဖို့ လျစ်လျူရှုခဲ့ပေမယ့် ၁၉၉၂ မှာ ဘွဲ့ရခဲ့ပါတယ်။

ပစ္စုပန် နဲ့ အနာဂတ်မှာ သချာင်္ပညာရှင်တွေက သူ့လိုတော်တဲ့ သူတစ်ယောက် ရှိခဲ့တာကို ကျေးဇူးတင်နေမှာပါ။

Source: Mashable

Leave a comment

Your email address will not be published. Required fields are marked *