သင့်ရဲ့ ဆယ်ဖီအစွမ်းတွေကို အပြည့်အ၀ဖော်ထုတ်ခွင့်ရမယ့် ကင်မရာ

သင့်မှာအရမ်းကိုဆွဲဆောင်ဖွယ်ကောင်းတဲ့ ပုံတွေကို ပုံမှန်ရိုက်နေကြပုံစံအတိုင်းရိုက်ရင်တော့ ထူးခြားတဲ့ ပုံတွေအများကြီး ထွက်လာမှာ မဟုတ်ဘူးဆိုတာ ကျွနုပ်ရဲရဲကြီးအာမခံပါတယ်။ ဘ၀မှာ ပုံရိပ်ပေါင်းများစွာနဲ့ ပြည့်နှက်နေပြီး ဒီပုံရိပ်တွေအားလုံးကို ဖမ်းယူထားနိုင်ဖို့ဆိုတာ အရမ်းကိုမလွယ်ကူတဲ့ကိစ္စပါ။

သေချာတာတစ်ခုကတော့ နိုင်ငံခြားသားတွေလိုမျိုး ဆယ်ဖီစတစ်ကို သုံးပြီး လျှပ်တစ်ပြက်ပုံရိပ်တွေကို ရိုက်ယူကောင်းရိုက်ယူနိုင်ပါတယ်။ ဒီလိုရိုက်ယူနိုင်တယ်ဆိုပေမယ့်လည်း နာမည်ကျော်တွေလိုမျိုး ရှုထောင့်ပေါင်းစုံကနေ သင်ရိုက်ယူနိုင်မှာတော့မဟုတ်ပါဘူး။ နာမည်ကြီးတဲ့သူတွေတွေလိုမျိုး မိမိဓါတ်ပုံကို ရှုထောင့်ပေါင်းစုံကနေ ရိုက်ယူချင်တယ်ဆိုရင်တော့ Poki Action Cam လိုမျိုး မိမိကြိုက်နှစ်သက်တဲ့ နေရာမှာ ကပ်ထားနိုင်ပြီး အမိုက်စားပုံရိပ်တွေကို ဖမ်းယူပေးနိုင်မယ့် ဒီလို ကင်မရာတစ်လုံးတော့ လိုအပ်မှာပဲဖြစ်ပါတယ်။

Poki Cam လို့ခေါ်ပေမယ့် Pokemon တော့မဟုတ်ပါဘူး။ ဒီကင်မရာကို မိမိကြိုက်နှစ်သက်တဲ့မည်သည့်နေရာမှာမဆို အလွယ်တကူ ကပ်ထားလို့ရပါတယ်။ ဒီကင်မရာကို ၁၂၀ ဒီဂရီရှိတဲ့ ထောင့်ကျယ် မှန်ဘီလူးထည့်ထားပြီး ရုပ်ထွက်ကောင်းမွန်အောင် စွမ်းဆောင်ရည်မြင့် ဆင်ဆာထည့် သွင်းထားပါတယ်။ ဒါကြောင့် ဒီကင်မရာကို အမျိုးမျိုးလည့်နိုင်ပြီး ၁၀၈၀p ရှိတဲ့ ဗွီဒီယိုအမျိုးအစားရိုက်ကူးလို့ရပြီး 8-megapixles ဓါတ်ပုံတွေရိုက်ယူနိုင်ပါတယ်။ ဒီကင်မရာကို အလွယ်တကူ အသုံးပြုနိုင်အောင် နဲ့ လျှပ်တပြက်ပုံရိပ်တွေရိုက်ကူးနိုင်အောင် အလွယ်တကူအသုံးပြုလို့ရတဲ့ အဝေးထိန်းခလုပ်ပါပါတယ်။  တစ်ကယ်လို့ သင်သာဒီကင်မရာနဲ့ ဝေးတဲ့နေရာမှာ ရှိနေခဲ့ရင်တောင် ဓါတ်ပုံတွေကို ပြန်ကြည့်ဖို့နဲ့ လျှပ်တပြက်ပုံရိပ်တွေရယူဖို့ Poki app နဲ့ တွဲသုံးလို့ရတဲ့အတွက် သင့်ရဲ့စိုးရိမ်စိတ်တွေကိုဖြေလျှော့ပေးနိုင်ပါတယ်။

Poki Cam ကို Bluetooth အစား Wifi နဲ့ ချိတ်ဆက်အသုံးပြုဖို့ အတွက် လုပ်ဆောင်ထားတာကြောင့် သမားရိုးကျ Bluetooth နဲ့ ရိုက်ကူးနေတာထက် နေရာပိုဝေးဝေးထိသွားနိုင်ပြီးရိုက်ကူးနိုင်ပါတယ်။

ဒီ Poki HD WiFi Action Cam ရဲ့ပုံမှန်ဈေးနှုန်းကတော့ ၁၁၉.၉၉ ဒေါ်လာရှိပါတယ်။

Source: Mashable

Leave a comment

Your email address will not be published.