သင့်ဘဝကို စီမံခန့်ခွဲရန် App ၅ခု

အလုပ်လုပ်ရာတွင်ယနေ့ခေတ် smartphone များဟာ အလွန် အသုံးဝင်နေသော ပစ္စည်းတစ်ခုဖြစ်ပါတယ်။ သို့သော် ထို smartphone များအသုံးပြုမူ အပေါ်မူတည်၍ အလုပ်ပိုများနိင်စေသလို အလုပ်များကိုလွယ်လွယ်ကူကူ ဖြေရှင်းနိုင်ပါတယ်။ ယခုဖော်ပြမည့် Application ၅ခုဟာ အချိန်ကုန်သက်သာစေပြီး လူကြီးမင်းတို့၏ အလုပ်များကို လွယ်ကူအောင်လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။

1. Google Keep


Google Keep ဟာ မှတ်စုတိုများစွာကို မှတ်သားထားနိင်သော Application တစ်ခု ဖြစ်ပါတယ်။ ထိုမှတ်စုများကို မိမိမျှဝေချင်သော လူများနှင့် အတူ မျှဝေနိင်ပြီး သတိပေးသည့် လုပ်ဆောင်ချက်များ ပါဝင်လည်းပါဝင်ပါတယ်။

2. Cortana

Cortana App ဟာ Microsoft Corporation မှဖန်တီးထားသော Application တစ်ခု ဖြစ်ပြီး iPhone များတွင်ပါဝင်သော Virtual Assistant; Siri ကဲ့သို့ လုပ်ဆောင်နိုင်တဲ့ အစွမ်းရှိပါတယ်။ အလုပ်လုပ်ရာတွင် အတွင်းရေးမှူး၊ လက်ထောက်တစ်ယောက် ရထားသကဲ့သို့ လုပ်ငန်းဆောင်တာများလုပ်ဆောင်နိင်မှာဖြစ်ပါတယ်။

3. Trello

Trello App ဟာ Project လုပ်သူများအတွက် မရှိမဖြစ် လိုအပ်သော Application တစ်ခုဖြစ်ပါတယ်။ အလုပ်ခွင်များတွင် သုံးပါက သင့်လျော်သော Application တစ်ခုဖြစ်ပြီး မိသားစုခရီး သွားရန်ဖြစ်ဖြစ် အခြားလုပ်ငန်းဆောင်တာများ အတွက်ပါ အလွန်အသုံးဝင်သော App တစ်ခုလို့ပြောရင်လည်း မမှားပါဘူး။ Project တွင် လုပ်ရမည့် လုပ်ငန်းဆောင်တာများကို တစ်ဦးနှင့်တစ်ဦး မျှဝေကြည့်ရှုနိုင်ပါတယ်။ ထို App သည် National Geographic, Adobe, Google နှင့် British RedCross လုပ်ငန်းများတွင် အသုံးပြုလျက်ရှိပါတယ်။

4. Smarter Time


Smarter Time သည် တစ်နေ့တာလုပ်ငန်းစဉ်များတွင် မည်သည့်အချိန်တွင် မည်သည်အရာကို လုပ်ဆောင်သင့်ကြောင်း ကိုယ်ပိုင်စီမံကိန်းဆွဲနိင်သော App တစ်ခုဖြစ်ပါတယ်။ ထို့အပြင် သွားခဲ့သောနေရာများ သုံးစွဲခဲ့သော App များနှင့် ဖုန်းအဝင်ထွက် Call များပါ စီမံခန့်ခွဲနိင်သည့် လုပ်ဆောင်ချက်များ ပါဝင်တဲ့ App တစ်ခုဖြစ်ပါတယ်။

5. Pocket

Pocket သည် ကိုယ်ပိုင် စာအုပ်စင်တစ်ခုဖြစ်ပါတယ်။ Internet ပေါ်တွင်ရှာဖွေ တွေ့ရှိသော ကိုယ်ကြိုက်သည့် မှတ်စုစာအုပ်များ. မှတ်စုတိုများနှင့် မဂ္ဂဇင်း Videos များကို သိမ်းဆည်းထားနိုင်မှာဖြစ်ပါတယ်။ Internet မသုံးဘဲ သိမ်းဆည်းထားသော အရာများလည်း အချိန်မရွေး ပြန်လည်ဖတ်ရှုနိုင်ပါသေးတယ်။

ဖော်ပြပါ Applications ၅ခုဟာ ဖုန်းများတွင်သာမက ကွန်ပျူတာများတင်ပါ အသုံးပြုလို့ရပါတယ်။

Leave a comment

Your email address will not be published.