သင့်ရဲ့ဆွေ ၇ ဆက် မျိုး ၇ ဆက် အခေါ်အဝေါ်တွေကို သင်သိပါသလား

ဆွေ ၇ဆက် မျိုး ၇ ဆက်ဆိုတဲ့စကားကို မြန်မာနိုင်ငံအတွင်းနေထိုင်ကြတဲ့ ပြည်သူအများစုကြားဖူးကြမယ်လို့ ထင်ပါတယ်။ ဆွေ၇ဆက်မျိုး ၇ဆက်ကို အကြောင်းပြုပြီး ဆွေမျိုးဆိုတဲ့ စကား ဖြစ်ပေါ်လာတယ်ထင်ပါရဲ့။ တစ်ခါတစ်ရံ ဆွေမျိုးအချင်းချင်း ကတောက်ကဆတ်ဖြစ်ကြပြီဆိုရင် ဆွေ၇ဆက် မျိုး၇ဆက်ပြတ်ပြီဟေ့ လို့ ပြောတတ်ကြတာလည်း ကြားဖူးကြပါလိမ့်မယ်။ မြတ်ဗုဒ္ဓရဲ့ ဝိနည်းပိဋကတ်တော်မှာတော့ မိမိကရေတွက်ရင် မိမိရဲ့ အပေါ်၇ဆက်နဲ့ မိမိရဲ့အောက်၇ဆက်ထိကိုသာ ဉာတိကဆွေမျိုးတော်စပ်သူလို့ သတ်မှတ်ထားပါတယ်။ စာပေကျမ်းဂန်အမျိုးမျိုးမှာ ဆွေ၇ဆက်မျိး ၇ဆက်နဲ့ ပတ်သက် ပြီး အမျိုးမျိုးခေါ်ဆိုကြတာတွေရှိကြောင်းမှတ်သားဖူပါတယ်။ကဲ ဒါဆိုရင် သင့်ရဲ့ ဆွေ၇ဆက်မျိုး ၇ဆက်တွေကို ဘယ်လို တွေခေါ်သလဲဆိုတာလေ့လာကြည့်ကြရအောင်။
အထက်၇ ဆက် အခေါ်အဝေါ် မူကွဲ ၄ မျိုး
(က) ပထမနည်း – (၁)ဘ(၂)ဘိုး (၃)ဘေး (၄)ဘီ (၅) ဘင် (၆) ဘောင်(၇) ဘော
(ခ) ဒုတိယနည်း – (၁)ဘ(၂)ဘိုး(၃) ဘေး (၄) ဘီ (၅) ဘင်(၆)ညှောက်(၇)စေ့
(ဂ) တတိယနည်း – (၁) ဘ(၂)ဘိုး(၃)ဘေး(၄)ဘီ(၅)ဘဲ့ (၆)ဘော့(၇)ဘွေး
(ဃ) စတုတ္ထနည်း – (၁) အဖ(၂)အဖိုး(၃)အဘွေး(၄)အဘဲ(၅)အဘီ(၆)အဘော(၇)အဘောင်
အောက် ၇ဆင့် အခေါ်အဝေါ် မူကွဲ ၃ မျိုး
(က)ပထမနည်း- (၁) သား (၂) မြေး (၃) မြစ် (၄) တီ (၅) တွတ် (၆) ကျွတ် (၇) ကျွတ်ဆက်
(ခ) ဒုတိယနည်း- (၁) သား (၂) မြေး (၃) မြစ် (၄) တီ (၅) ကျွတ် (၆)ဆတ် (၇) ဆက်
(ဂ) တတိယနည်း (၁) သား (၂) မြေး (၃)မြစ် (၄) တီ (၅) မြှော့ (၆) ကျွတ် (၇) ကျွတ်ဆက်
ကဲ မိတ်ဆွေ၊ အထက် မျိုးဆက်တွေရဲ့ အစဉ်အလာကောင်းတွေကို အောက်မျိုးဆက် အဆင့်ဆင့်သို့ လက်ဆင့်ကမ်းနိုင် သူ တစ်ယောက်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်နိုင်ပါစေ။

Leave a comment

Your email address will not be published. Required fields are marked *