သင့်လုပ်ငန်းမှ ဖောက်သည်များ တည်မြဲနေအောင် ဘာတွေလုပ်သင့်သလဲ?

သင့်လုပ်ငန်းရေရှည်ခရီးအတွက် လက်ရှိဖောက်သည်တွေနဲ့ ဘယ်လိုမျိုးဆက်ဆံရေးကောင်းအောင် တည်ဆောက်နိုင်မလဲ။

၁။ ပုံမှန်ပဲ ဖန်တီးပါ။ သင့်ဖောက်သည်တွေကို အသစ်တွေနဲ့ အမြဲအဆင့်မြင့်တင်ပေးနိုင်ပါတယ်။ သို့သော် ရွေးချယ်ရခက်စေမယ့် အခွင့်များမဟုတ်ဘဲ ပုံမှန်ရိုးရှင်းစွာပဲ ရွေးချယ်ခိုင်းသင့်ပါတယ်။

၂။ အစစ်အမှန်များကိုသာထောက်ပံ့ပါ။ သင်ပြောထားတဲ့အချက်အလက်အတိုင်း မလွဲမသွေပါဝင်သော ပစ္စည်းနှင့် ဝန်ဆောင်မှုများကိုသာပေးပြီး သင့်ဖောက်သည်နှင့် ယုံကြည်မှုကို တည်ဆောက်ထားရမှာပဲဖြစ်ပါတယ်။

၃။ အသစ်အဆန်းများ ဖန်တီးမှုတွင်လည်း ရင်းနှီးမြုပ်နှံထားပါ။ ရိုးရှင်းစွာဖန်တီးရမယ်လို့ ပြောခဲ့သော်လည်း ငြီးငွေ့သွားအောင် မလုပ်သင့်ပါတယ်။ အမြဲအသစ်အဆန်းတွေနဲ့ စိတ်လှုပ်ရှား စိတ်ဝင်စားလာအောင် ဆွဲဆောင်နေရပါမယ်။

၄။ ကြည့်ကောင်းစေမယ့် ပုံစံမျိုးဖြစ်ပါစေ။ သင်ထုတ်လုပ်သောပစ္စည်းကို မည်သူကမှ ဆိုးဆိုးရွားရွားပုံစံမျိုးဖြင့် လက်ခံလိမ့်မည်မဟုတ်ပါ။

၅။ အသစ်အသစ်သော နည်းပညာများနင့်ချိတ်ဆက်ထားပါ။ သူများထက်နောက်မကျစေရန်အတွက် အထူးလိုအပ်သော အရာပဲဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *