သင့်အချိန်ကို လာဖြုန်းမယ့်လူတွေရဲ့အပြုအမှုများ

အစားထိုးလို့မရတဲ့အရာတွေထဲမှာ အချိန်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို တခြားသူတစ်ယောက်ကြောင့် မကုန်ဆုံးစေပါနဲ့။ သင့်ရဲ့အချိန်တွေကို ဖြုန်းတီးမယ့်သူတွေကို ဘယ်လိုခန့်မှန်းသိရှိနိုင်မလဲ? ကဲ လေ့လာကြည့်ကြရအောင်။

Social Media တွေကနေတစ်ဆင့်၊ အီးမေးလ်ကနေတစ်ဆင့် ဒါမှမဟုတ် အပြင်မှာပဲဖြစ်ဖြစ် စကားပြောရင်း သူတို့လိုတဲ့ဘက်ကို သင့်ကို ဆွဲခေါ်သွားနေပြီဆိုရင်တော့ သူက သင့်အချိန်တွေကို သူ့အကျိုးအတွက် အသုံးပြုတော့မှာဖြစ်ပါတယ်။

နောက်တစ်ခုသိသာစေတဲ့အချက်ကတော့ သင့်ကို အလုပ်ခန့်တဲ့နေရာမှာပါပဲ။ သင့်ကို အလုပ်ခန့်သင့် မခန့်သင့်ဆိုတာ သင့်ရဲ့အကြံပေးချက် ဒါမှမဟုတ် သူတို့လုပ်ခိုင်းတာတွေကို အရင်အောင်မြင်မှ စဉ်းစားမယ်လို့ပြောလာရင်တော့ သေချာပါတယ်။ သူတို့က သင့်ရဲ့ အချိန်တွေကို ဖြုန်းတီးပစ်မယ့် သူတွေပါပဲ။

နောက်ထပ်သိသာစေတဲ့အချက်ကတော့ သင်နဲ့ရင်းနှီးကျွမ်းဝင်မှုမရှိသေးဘဲနဲ့ သင့်ကိုသူတို့နဲ့ အကျိုးစီးပွားစပ်တူလုပ်ဖို့ တိုက်တွန်းပြောဆိုတဲ့သူတွေပါ။ သူတို့က သင့်အချိန်တွေကို ဖြုန်းတီးနိုင်ရုံသာမက သင့်ဆီက ဗဟုသုတတွေ၊ ငွေကြေးပိုင်ဆိုင်မှုတွေကိုပါ ဖြုန်းတီးပစ်မယ့် သူတွေဖြစ်ပါတယ်။

ဒီအချက်ကတော့ လုပ်ငန်းရှင်တွေအတွက် သတိထားသင့်တဲ့အချက်ပါ။ သင့်ရဲ့ ဖောက်သည်တွေအကြောင်းကို တစ်ဖက်သားက ထောက်လှမ်းလေ့လာမေးမြန်းနေပြီဆိုရင်တော့ အချိန်ကုန်ခံပြီး ပြောပြမနေပါနဲ့။ အဲ့ဒီလိုထောက်လှမ်းနေတာက သင့်ရဲ့အချိန်တွေကို လာရောက်ဖြုန်းတီးနေရုံသာမက သင့်ရဲ့စီးပွားရေးကိုပါ လုယူသွားနိုင်တာကြောင့် သတိပြုဖို့ အကြံပေးလိုပါတယ်။

အခုဖေါ်ပြထားတဲ့လူအမျိုးအစားတွေကို သတိထားရှောင်ကျဉ်နိုင်မယ်ဆိုရင် သင့်ဘဝရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို တစ်ပါးသူကြောင့် အကျိုးမဲ့ဖြုန်းတီးခြင်းကနေ ရှောင်ကြဉ်နိုင်မှာ ဖြစ်ပါတယ်။

Leave a comment

Your email address will not be published.