သင့်အသဲနဲ့ ကျောက်ကပ်တွေ မပျက်ဆီးစေဖို့နည်းလမ်းများ

ကျောက်ကပ်နဲ့အသည်းဟာ ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးတဲ့ အစိတ်အပိုင်းတွေဖြစ်တာကြောင့် ကျန်းမာနေအောင် ထိန်းသိမ်းထားဖို့က အလွန်အရေးကြီးပါတယ်။

၁။ရေများများသောက်ပြီး အစိုဓာတ်ပြည့်ဝနေအောင် ထိန်းသိမ်းပါ။ အလွန်အမင်း အားကစားပြုလုပ်တာကြောင့် ဆုံးရှုံးသွားတဲ့ ဓာတ်ဆားကို ပြန်ဖြည့်နိုင်အောင် ဓာတ်ဆား ဓါမှမဟုတ် စွမ်းအားဖြည့် အချိုရည် (Sport Drink) သောက်ပေးပါ။

၂။မိသားစုမျိုးရိုးအရ ဒါမှမဟုတ် ဘဝနေထိုင်မှုပုံစံအရ ဆီးချိုသွေးချိုရောဂါ ဖြစ်နိုခြေရှိတယ်ဆိုရင် ဆရာဝန်နှင့်တွေပြီး သွေးတွင်းသကြားဓာတ် ပမာဏကို စစ်ဆေးကြည့်ကာ ကုသသင့်လျှင် ကုသလိုက်ပါ။ ဆီးချိုသွေးချိုရောဂါ ရှိသူဆိုရင် စနစ်တကျဆေးကျသမှုခံယူပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းပါ။

၃။အယ်လ်ကိုဟောကို အလွန်အကျွံ မမှီဝဲပါနှင့်။ အရက်ကို အလွန်အကျွံ မှီဝဲတာက အသည်းပျက်စီးနိုင်ခြေ များပါတယ်။ တကယ်လို့ အသည်းထိခိုက်နေပြီဆိုရင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးကာ ဆေးကုသမှုခံယူဖို့ လိုပါတယ်။ အရက်ကို အသည်းက ခြေဖျက်နိုင်တဲ့ ပမာဏထက်ပိုနေရင် အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။ သင့်မှာ အသည်းရောဂါရှိနေရင် အရက်ပမာဏအနည်းငယ်ကတောင် ဒုက္ခပေးနိုင်တဲ့အတွက် ရှောင်ရှားသင့်ပါ။

၄။အသည်းနဲ့ကျောက်ကပ်ကျန်းမာရေးအတွက်မူးယစ်ဆေးဝါးလုံးဝမသုံးစွဲပါနှင့်။ ဖြစ်နိုင်ရင် ဆေးလိပ်ကိုလည်း ရှောင်ပါ။
၅။အာဟာရပြည့်ဝတဲ့ အစားအစာကို စားပါ။ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။ အိပ်ရေးဝ၀ အိပ်ပါ။

၆။ ဆေးဝါးအများစုဟာ အသည်းနဲ့ ကျောက်ကပ်ကို ထိခိုက်စေနိုင်တာကြောင့် ဆရာဝန်ရဲ့ ညွှန်ကြားချက်ရှိမှသာ သာက်သင့်ပါတယ်။ အစားစားပြီးဆေးသောက်ဖို့ ညွှန်ကြားထားရင် တိတိကျကျ လိုက်နာပေးပါ။

 

Leave a comment

Your email address will not be published. Required fields are marked *