သင့်အိမ်မှာ ဒီအပင်တွေရှိရဲ့လား

လူတွေဟာ မိမိနေထိုင်ရာအိမ်တွေမှာ ပတ်ဝန်းကျင်လှပသာယာဖို့၊အိမ်တွင်းကျက်သရေ အပေါင်း ခညောင်းစေဖို့၊ စိတ်လက်ကြည်နူးစေဖို့ ရည်ရွယ်ပြီး လှပတဲ့သစ်ပင်လေးတွေနဲ့ ပန်းအလှတွေကို စိုက်ပျိုးတတ်ကြပါတယ်။ တစ်ချို့အပင် တွေက အရွက်အခက်တွေ ဝေဆာလှပကြသလို တစ်ချိုတွေ ကတော့ မွေးပျံ့တဲ့ သင်းရနံ့တွေကို ပေးစွမ်းနိုင်တဲ့ ပန်းပွင့်တွေကို ပွင့်လန်းတတ်ကြပါတယ်။ တစ်ချို့အပင်တွေကတော့ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ဆေးဖက်ဝင်တာ တွေဖြစ်တတ်ပါတယ်။ ဘယ်အပင်ကိုပဲ စိုက်ကြပါစေ၊စိုက်သူတို့မှာ အကြောင်းရင်းတစ်ခုခုတော့ ရှိကြမှာ အမှန်ဖြစ်ပါ တယ်။ ဒီတော့ သင်စိုက်ပျိုးတဲ့ အိမ်တွင်းဥယျာဉ်လေးထဲမှာ ဒီအပင်တွေပါပါရဲ့လားလို့မေးပါ ရစေ။ ဘာ ကြောင့်လဲ ဆိုတော့ ဒီအပင်တွေက သင့်အိမ်တွင်းကို ကောင်းမြတ်တဲ့ အပေါင်းလဏ္ခာစွမ်းအားတွေ ပေးတယ်လို့ ကမ္ဘာတစ်ဝန်း ယုံကြည်ကြလို့ပါပဲ။
(၁)စံပယ်(Jasmine) – မွှေးပျံ့တဲ့စပယ်က စိတ်ဓါတ်ကို တက်ကြွလန်းဆန်းစေတယ်။ ဆက်ဆံ ရေးကောင်းစေပြီး ခိုင်မာတဲ့အချစ်ကိုရရှိပိုင်ဆိုင်နိုင်တယ်။အိမ်မက်ကောင်းတွေမက်တတ်တယ်။
(၂) Rosemary- စိတ်ဓါတ်ကျတာတွေ၊စိတ်ရှုပ်တာတွေကို ပြေပျောက်စေတယ်။မြေထဲပင်လယ် ဒေသမျိးရင်း ဖြစ်ပြီး အမှတ်တရဖြစ်စေတယ်။အိမ်ရှေ့တံခါးမှာစိုက်ရင်မကောင်းတဲ့စွမ်းအင်တွေကိုဖယ်ပေးတယ်။
(၃) ငြိမ်းချမ်းရေးနှင်းပန်း( Peace Lily) -ကိုယ်ရောစိတ်ပါလန်းဆန်းမှုကို အထောက်အကူပြု တယ်။ လေကို သန့်စင် စေတယ်။အရိပ်ထဲမှာလည်းရှင်သန်နိုင်တယ်။
(၄)SAGE-(ကလျာဏီပင်)- အသိဉာဏ်ကိုပွင့်လမ်းစေတယ်။အိမ်ထဲမှာရှိတဲ့ဘက်တီးရီးယားတွေကို ရှင်းပေးပြီး အိမ်ကိုသန့်စင်စေတယ်။
(၅)IVY- (နွယ်တက်ပင်)- အိမ်ကွက်လပ်ကို အလှအပတွေနဲ့ပြည့်စုံစေရုံသာမက လေကိုလည်း သန့်စင် အောင် စစ် ပေးနိုင်တယ်။ကံကောင်းဖို့နဲ့ကျန်းမာရေးအတွက်တံခါးရဲ့အထွက်လမ်းတွေမှာစိုက်သင့်ပါတယ်။
(၆) ALOE-(ရှားစောင်းလက်ပတ်) အရေပြားအနာတွေကုသရာမှာအထူးကောင်းပါတယ်။ နေရောင် တိုက်ရိုက်ရတဲ့ နေရာမှာစိုက်ပျိုးရပါမယ်။အရေပြားအပူလောင်တာကိုကုနိုင်တယ်။ကံကောင်းခြင်းကိုပေးပါတယ်။
(၇)BASIL-(ပင်စိမ်းမျိုး) -တစ်နေ့ကို နာရီ(၂၀)လောက်အထိ အောက်စီဂျင်ကိုထုတ်လွှတ်နိုင်ပါတယ်။ ဟင်းခတ် အမွှေးအကြိုင်အတွက်သာမက ယားယံတာတွေ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါ တယ်။စိတ်စွမ်းအားကို တိုးစေပါတယ်။
(၈)ORCHID-(သစ်ခွ) -သစ်ခွက မြန်မာတွေနဲ့မစိမ်းသလို တန်ဘိုးလည်းရှိပါတယ်။အိမ်ရှင်ကို ကောင်းကျိုးပေးသလို အသက်ရှည်စေတယ်လို့လည်း ယုံကြည်ကြပါတယ်။ အပွင့်ကတာရှည် ခံပြီး မွှေးပျံ့ကာ ညမှာ အောက်စီဂျင်ကို ထုတ်လွှတ်ပါတယ်။ဒါကြောင့်အိပ်ရာဘေးမှာထားဖို့သင့်တော်ပါတယ်။
(၉) OREGANO- ပျော်ရွှင်ကြေနူးမှုကိုပေးစွမ်းနိုင်တယ်လို့ယုံကြည်ကြပါတယ်။ အရေပြား အတွက် သုံးနိုင်သလို အစာအိမ်နဲ့ ဆီးလမ်းကြောင်း ပိုးဝင်တာအတွက်လည်း သုံးလို့ရပါတယ်။စွယ်စုံရတဲ့ ဒီ အပင်ကို နေရောင်မှာထားပါ။
(၁၀)LAVENDER-(လာဗင်ဒါ)- စိတ်ပူပန်သောကကို လျော့ကျေစေတယ်လို့ယုံကြည်ကြပါတယ်။ သွေးလှည့် ပတ်မှု ကိုကောင်းစေပြီးအိပ်ပျော်စေပါတယ်။
(၁၁)ROSE-(နှင်းဆီ)- အိပ်ရာဘေးမှာထားရင် အချစ်ကိုတိုးစေတယ်။ ရေနွေးကြမ်းအနေနဲ့သောက်မယ်ဆိုရင် ကာမ စွမ်းအားကိုတိုးစေတယ်လို့ယုံကြည်ကြတယ်။
(၁၂) MONEY PLANT-(လာဘ်ပင်) -လူမျိုးအလိုက် ယံကြည်ကြတဲ့ လာဘ်ရွှင်ပင်တွေရှိပါတယ်။ မြန်မာတွေ ကတော့ဂမုန်းအမျိုးမျိုးကိုလာဘ်ရွှင်တယ်လို့ယူဆကြပါတယ်။
(၁၃) Lucky Bamboo- အာရှနိုင်ငံတွေမှာ ရှေးနှစ်များစွာကတည်းက ကံကောင်းခြင်း၊ကြွယ်ဝချမ်းသာခြင်း တို့အတွက် စိုက်ပျိုးကြပါတယ်။ဖုန်းရွှေပညာအရဆိုရင် ထောင်တက်နေတဲ့အရွက်တွေဟာ သစ်သားဓါတ်ကို ပေးပြီး သက်ရှည်ကျန်းမာစေတယ်လို့ ယုံကြည်ကြပါတယ်။နေရောင်နဲ့ဝေးတဲ့နေရာမှာ ရေသန့်လောင်းပြီး ထားရပါတယ်။
(၁၄)Crysanthemum- သန့်စင်မှုနဲ့ ရိုးသားမှုကို ကိုယ်စားပြုပြီး ဆေးဖက်ဝင်ပါတယ်။ အရောင်အမျိုးမျိုး ရှိပါ တယ်။
(၁၅) Areca Palm- အရွက်တွေက ချစ်စရာကောင်းပြီး နေအိမ်နဲ့ ရုံးခန်းတွေကို နူးညံ့တဲ့ စွမ်းအင်တွေပေး တယ်လို့ ယုံကြည်ကြပါတယ်။လေကိုလည်းသန့်စေပါတယ်။

Ref;- David wolfe
– Power of Positivity
– Top Ten Home remedy

Leave a comment

Your email address will not be published. Required fields are marked *