







Unicode  :သင် နှာခေါင်းနှိုက်တတ်တဲ့အကျင့်ရှိနေပါသလား။ အခုချက်ချင်းပဲရပ်လိုက်ပါ။

နှာခေါင်းနှိုက်ခြင်းဟာ ကျန်းမာရေးနဲ့ မညီညွှတ်ရုံသာမက အလွန်အန္တရာယ်ရှိပါတယ်။ နှာခေါင်းနှိုက်ပြီး လက်မဆေးမှုကြောင့်လည်း ရောဂါများကူးခြင်းကို ဖြစ်ပွားနိုင်ပါတယ်။

နှာခေါင်းနှိုက်ခြင်းကြောင့် နှာခေါင်းမှ အညစ်အကြေးများမှ တစ်ဆင့် ဝက်ခြံများဖြစ်စေနိုင်ပါတယ်။

ထိုအပြင် နှာခေါင်းတွင်းရှိ ဝက်ခြံမှာ မြုံသွားနိုင်ပြီး ပိုးဝင်နိုင်ပါတယ်။ နာကျင်လွယ်ပြီး သွေးတွင်းအထိပိုးဝင်ကာ ဦးနှောက်ပါ ထိခိုက်နိုင်ပါတယ်။

နှာခေါင်းတွင်း အသားမှာ နူးညံပြီး မတော်တဆထိခိုက်မိပါက သွေးယိုခြင်းဖြစ်ကာ ပျောက်ကင်းနိုင်ပါတယ်။

ဖျားနေသည့်အခါ နှာခေါင်းနှိုက်ခြင်း လုံးဝမပြုလုပ်ပါနှင့်။ နှာခေါင်းတွင်း အညစ်အကြေးများမှ တခြားသူများထံ ဗက်တီးရီးယားများကို ဖြန့်နိုင်ပါတယ်။

နှာခေါင်းမှ ထိုဗက်တီးရီးယားများသည် သင့်ကိုယ်ထဲ ပြန်လည်ဝင်ရောက်ကာ ဖျားနာစေနိုင်ပါသေးတယ်။

နောက်ပြီး ဘယ်သူမှ နှာခေါင်းနှိုက်တာကို မကြိုက်ပါ။ တစ်စုံတစ်ယောက်က သင် နှာခေါင်းနှိုက်နေတာကို မြင်ပါက ဘယ်လိုတွေးမယ်ထင်သလဲ။ ထုတ်မပြောသော်လည်း ဘယ်သူမှ ကြိုက်မယ်မထင်ပါ။

Leave a comment

Your email address will not be published. Required fields are marked *