













Unicode : သသင်မသိသေးသော Tom နှင့် Jerry ၏ အချက်များ

tom and jerry

Tom and Jerry လို့ဆိုလိုက်တာနဲ့ မသိတဲ့လူရှားပါတယ်။ ငယ်ရွယ်စဉ်ကလေးဘဝကတည်း ဒီကာတွန်းတွေနဲ့ကြီးပြင်လာခဲ့ရမှာပါ။ ဒါပေမယ့် သူတို့အကြောင်း သင်မသိနိုင်သေးတာတွေကို ယခုဖော်ပြပေးသွားပါမယ်။

အစက Tom and Jerry လို့မဟုတ်ဘဲ Tom နာမည်က Jasper ၊ Jerry နာမည်က Jinx ဖြစ်ပါတယ်။

ဒီနာမည်ကို ကာတွန်းရေးဆွဲသူတစ်ဦးမှာ စဉ်းစားပေးခဲ့ခြင်းဖြစ်ပြီး ထိုအတွက် ဒေါ်လာ(၅၀)ဆုချီးမြင့်ခံရပါတယ်။

ဒီကာတွန်းဇာတ်လမ်းတွဲဟာ အော်စကာဆု (၇)ကြိမ် စာရင်းဝင်ခဲ့ဖူးပါတယ်။

၁၉၄၀ခုနှစ်မှ စတင်ပြသခဲ့ခြင်းဖြစ်ပြီး ၁၁၄ပိုင်းထုတ်လွင့်ခဲ့ပါတယ်။

၁၉၇၅ ခုနှစ်မှာ အချစ်ဆုံးသူငယ်ချင်း (BFF) တွေအဖြစ် စတင်ဖြစ်လာခဲ့ပါသေးတယ်။

မကြာခဏ ဝေဖန်ခြင်းခံရပါတယ်။ ကာတွန်းထဲမှ ကြမ်းတမ်းသောအပြုအမှုများကြောင့်ပင်ဖြစ်ပါတယ်။

၁၉၉၂ ခုနှစ်မှာ ပထမဆုံး ဇာတ်ကားကို လွှင့်ခဲ့တာပါ။

ဘယ်တော့မှ အငြိမ်နေမယ့် ကာတွန်းဇာတ်ကောင်တွေ မဟုတ်ပါဘူး

ဒီကာတွန်းနောက်ပိုင်းမှ တခြားကာတွန်းဇာတ်ကောင်တွေအနေနဲ့ The Flintstones ၊ Scooby-Doo ၊ Yogi Bear ၊ Top Cat ၊ The Smurfs အစရှိသည်တို့ကို ဖန်တီးခဲ့ပါတယ်။

ဇာတ်လမ်းတွဲမှာ များသောအားဖြင့် ရိုးရာသီချင်းကို နောက်ခံထားသော အသံများကိုသာထည့်သွင်းခဲ့ခြင်းပဲဖြစ်ပါတယ်။

နောက်ဆုံးအပိုင်းမှာတော့ Jerry သေဆုံးသွားတဲ့အတွက် Tom ဟာ ရထားလမ်းမပေါ်မှာ ကိုယ်ကိုယ်ကိုယ် သတ်သေခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *