Unicode : သင့်နှုတ်ခမ်းက ပြောပြနေတဲ့ သင့်ခန္ဓာကိုယ် အခြေအနေများ
lips
သင့်နှုတ်ခမ်းအရောင်တွေက သင့်ကျန်းမာရေးအခြေအနေတွေကို ဖော်ပြနေတယ်ဆိုတာသင့်သိပါသလား။ မသိသေးဘူးဆိုရင် ယခုဖော်ပြသွားပါမယ်။
နီရဲတောက်နေသောနှုတ်ခမ်းများ
ဒါဟာ အသည်းမကောင်းတဲ့အကြောင်းကို ဖော်ပြနေတာဖြစ်ပြီးအသည်းကောင်းစေဖို့အစားအစားတွေကို စားသုံးသင့်နေပါပြီ။ ည(၁၁)နာရီမတိုင်ခင်လည်း အိပ်ရာဝင်ပါ။
ခရမ်းရောင်-အစိမ်းရောင်သန်းနှုတ်ခမ်းများ
ဆောင်းတွင်းမှာ အေးခဲလို့ ဒီလိုနှုတ်ခမ်းတွေဖြစ်တာ ပုံမှန်ဖြစ်ပေမယ့် တခြားအချိန်တွေမှာဆိုရင် ဒါဟာ နှလုံး နှင့် အသက်ရှုစနစ်မှာ ပြဿနာတစ်ခုခုရှိနေပါပြီ။ ဆရာဝန်ထံ သွားရောက်ပြသသင့်ဖို့လိုအပ်ပါတယ်။
အဖြူရောင်၊ သို့ ပန်းရောင်ဖျော့ နှုတ်ခမ်းများ
ဒါဟာ ဆေးရုံက လူနာတွေမှာ အတွေ့များတဲ့ နှုတ်ခမ်းအရောင်ပါ။ သွေးအားနည်းခြင်းကြောင့်ဖြစ်ပြီး ဗီတာမင် စီ၊ သံဓါတ် ပါတဲ့ အစားအစာတွေကို ပိုမိုစားသုံးဖို့လိုအပ်ပါတယ်။
ခရမ်းရောင်(သို့) အနက်ရောင် နှုတ်ခမ်းလိုင်းများ
ဒါဟာ ကိုယ်တွင်း အပူအအေးဓါတ်မမျှတ တာကို ဖော်ပြနေပါတယ်။ ကြက်ဥ၊ လက်ဖက်၊ ဂဏန်း၊ မှှို၊ ဘဲသား၊ ငှက်ပျော်သီးနဲ့ အစပ်များကို ရှောင်သင့်ပါတယ်။
အမဲရောင်သန်းနှုတ်ခမ်းများ
ဒါဟာ သင့်အစာချေစနစ်မှာ တစ်ခုခုဖြစ်နေပြီဆိုတာကို ဖော်ပြနေတာပါ။ အစားအဆိပ်သင့်တာလည်းဖြစ်နိုင်ပါတယ်။
သဘာဝအတိုင်း ပန်းသွေးရောင်သန်းနှုတ်ခမ်းများ
ဒါဟာသင့်အတွက် အလွန်ကောင်းမွန်တဲ့ ကျန်းမာရေးရှိတယ်ဆိုတာကို ဖော်ပြနေတာပါ။
ဒီလို ပုံမှန်ဟုတ်တဲ့ နှုတ်ခမ်းမျိုးတွေ သင်မှာတွေ့နေရပြီဆိုပါကအမြန်ဆုံး ဆရာဝန်ထံသွားပြီး ကုသမှုခံယူသင့်ပါတယ်။
Leave a comment
Your email address will not be published.