သင်စီးနေတဲ့ လေကြောင်းလိုင်းတွေက လုံခြုံစိတ်ချရရဲ့လား

လေကြောင်းခရီးဟာ ခရီးသွားပြည်သူတွေအတွက် လုံခြုံစိတ်ချရမှု အရှိဆုံးလို့ ပြောတာကြားဖူးပါတယ်။ မြန်မာပြည်သူ ခရီးသွားတွေအများစုကတော့ ခရီးသွားရာမှာ ခုချိန်ထိ လေကြာင်းခရီးကို အပြည့်အ၀ မသုံးနိုင်ကြသေးပါဘူး။ ဒါပေမဲ့ ပြည်ပခရီးတစ်ချို့နဲ့ မလွှဲသာမချောင်သာတဲ့ အခါမျိုးမှာ ပြည်တွင်းလေကြောင်းတွေကို အသုံးပြုသွားလာကြရပါတယ်။ လေကြောင်းခရီးတွေဟာ လုံခြုံစိတ်ချရတယ်လို့ ပြောတတ်ကြပေမယ့် မတော်တဆမှုတွေဖြစ်လာခဲ့ပြီဆိုရင်တော့ ဆုံးရှုံး မှုတွေက များလှပါတယ်။ ၂၀၁၈ ခုနှစ်ထဲမှာပဲ အမေရိကန်က southwest လေကြောင်းလိုင်းရဲ့ ဂျက်အင်ဂျင်တစ် လုံးလျှို့ယွင်းမှုနဲ့ အရေးပေါ်ဆင်းသက်ရမှု၊ တရုတ်နိုင်ငံက Sichuan လေကြောင်းလိုင်းမှ လေယာဉ်တစ်စီး ပြတင်းမှန်ကွဲတဲ့အတွက် အရေးပေါ်ဆင်းသက်ရမှု နဲ့ မနေ့က ကျူဘားလေကြောင်းလိုင်းရဲ့ လူပေါင်း၁၀၀ ကျော်သေဆုံ ရမှုတွေက သက်သေပါပဲ။ ကဲဒါဆိုရင် သင်စီးနေတဲ့ လေကြောင်းလိုင်းကကော လုံခြုံစိတ်ချရမှု ရှိပါရဲ့လား။ China Daily သတင်းစာကတော့ ကမ္ဘာပေါ်မှာ အောက်ဖေါ်ပြထားတဲ့ လေကြောင်းလိုင်း(၁၀)ခုက စိတ်ချလုံခြုံရဆုံးလို့ ဆိုပါတယ်။ကဲ၊လေ့လာကြည့်လိုက်ကြရအောင်ပါ။
(၁၀) Royal Jordanian Airline

(၉) All Nippon Airlines

(၈) Cathay Pacific Airways

(၇) Austrian Airlines

(၆)EmiratesAirlines
(၅) Air China

(၄)TAPPortugal
(၃) Finn Air

(၂) Singapore Airline

(၁) Air New Zealand

Ref: China Daily

Leave a comment

Your email address will not be published. Required fields are marked *