သင်မသိတဲ့ သင့်ခန္ဓာရဲ့ လှို့ဝှက်ချက်များက ဘာတွေလဲ

သင်ကတော့ သင့်အကြောင်း၊သင့် ခန္ဓာကိုယ်အကြောင်းကို သိတယ်လို့ ထင်ကောင်းထင်မှာပါ။ ဒါပေမဲ့ သင့်ခန္ဓာ ကိုယ်နဲ့ပတ်သက်ပြီး သင်ဘယ်တုန်းကမှ မသိခဲ့တဲ့ အချက်တွေရှိတယ်ဆိုတာ ဝန်ခံရပါလိမ့်မယ်။ ဒါတင်မက ပါဘူး၊ သင်သာ သင့်ခန္ဓာ ကိုယ်အကြောင်းကို တကယ်သိပြီး ဒီခန္ဓာကြီးရဲ့ လိုအင်တွေကို သင်တိုးတက်အောင် ပြုပြင်ထိမ်း သိမ်းနိုင်မယ်ဆိုရင် အသက် ၁၀၀အထိ ရှည်နိုင်ဆိုတာလည်း သင်လက်ခံရပါလိမ့်မယ်။ ဒါပေမဲ့ လူအများစုကတော့ ခန္ဓာရဲ့ အလိုကိုမလိုက်ကြပဲ ကိုယ့်အလိုကိုပဲ လိုက်ကြတဲ့အတွက် လူတွေဟာ သက်တမ်းစေ့ မနေကြရပါဘူး။ ကဲ၊ဒါဆိုရင် သင်မသိသေးတဲ့ သင့်ခန္ဓာရဲ့ လျှို့ဝှက်ချက်တွေက ဘာတွေလဲ။
(၁) သင် မျက်တောင်တစ်ချက်ခတ်တာဟာ လျှပ်တစ်ပြက်လေး မှေးလိုက်တဲ့ Micronap တစ်ခုဆိုတာ
သိရဲ့လား။
(၂)မျက်လုံးကြီးတဲ့လူတွေအဝေးမှုန်တတ်တယ်ဆိုတာသိရဲ့လား။

ဒါကို myophia လို့ သိကြပါတယ်။ မျက်လုံး အိမ်ကြီးပြီး သိပ်ရှည်ရင် မြင်လွှာပေါ် အလင်း မစုနိုင်တဲ့အတွက်လို့ ဆိုပါတယ်။
(၃) အမွေးအမျှင်တွေက အရသာခံနိုင်တယ်ဆိုတာ သိရဲ့လား။
သင့်ရဲ့နှာခေါင်းလမ်းကြောင်းမှာရှိတဲ့ အမွေးအမျှင်တွေဟာ နီကိုတင်းလိုခါးတဲ့ အရသာမျိုးနဲ့တွေ့တဲ့အခါ လှုပ်ရှား မှု တွေမြန်လာပြီး အမြန်ဆုံးရှင်းထုတ်ဖို့ ကြိုးစားကြတယ်လို့ သုတေသနတွေက ဆိုပါတယ်။
(၄) သင့်ရဲ့ အမွေးအမျှင်တွေက သင်အိပ်တဲ့အချိန်ကို သိတယ်ဆိုတာသိရဲ့လား။
သင့်ရဲ့အမွေးအမျှင်တွေမှာ လူတွေအိပ်ချိန်နဲ့ နိုးထချိန်ကို ပြတဲ့ နာရီဂျင်း( Clock Genes)တွေရဲ့ RNA ပါဝင်တဲ့ အတွက် ကြောင့်လို့ ဆိုပါတယ်။
(၅) သင့်ဆံပင်က သင့်ပတ်ဝန်းကျင်ကို အကူအညီပေးတယ်ဆိုတာကော သိပါရဲ့လား။
သင့်ဆံပင်ဟာ လေထုအိုဇုမ်းလွှာထဲက မသန့်ရှင်းတဲ့ အမှုအမွှားတွေကို စုပ်ယူနိုင်တာကို သုတေသနတွေ့ ရှိပြီး ဖြစ်ပါတယ်။
(၆) သင့်ခြေထောက်နှစ်ဖက်ရဲ့အရိုးတွေဟာ တစ်ကိုယ်လုံးရဲ့ လေးပုံတစ်ပုံရှိတယ်ဆိုတာ သိပါရဲ့လား။
(၇) အစာအိမ်အက်စစ်ဟာ သင် မုတ်ဆိတ်ရိုက်တဲ့ ဘလိတ်ဓါးတွေကို အရည်ပျော်စေနိုင်တယ်ဆိုတာ
သိရဲ့လား။
(၈) သင်နှာချေလိုက်ရင် ၂၅ ပေအထိရောက်နိုင်တယ်ဆိုတာ သိပါရဲ့လား။
(၉) နဖာချေးတွေက သင့်အတွက် အကျိုးပြုတယ်ဆိုတာ သိပါရဲ့လား။
(၁၀) အသက်ကြီးလာရင် သင့် အရိုးတွေရဲ့ ၃ပုံ ၁ပုံ လောက်အထိ လျော့သွားတယ်ဆိုတာ သိရဲ့လား။
(၁၁) သင့်ကိုယ်သင် ယားအောင် ကလိမထိုးနိုင်ဘူးဆိုတာကော သိပါရဲ့လား။
(၁၂) လက်သည်းခြေသည်းတွေ အရင်ထက် ပိုရှည်လာတာကိုကော သိရဲ့လား။
၁၉၃၀ ခုနှစ်လောက်က လူတွေရဲ့ လက်သည်းဟာ တစ်လမှာ ၁.၆၅ မီလီမီတာလောက်သာရှည်ကြပေမယ့် အခုအခါ ၂ မီလီမီတာ အထိရှည်လာတယ်လို့ ဆိုပါတယ်။
(၁၃) အသက်ကြီးလာတာနဲ့အမျှ ခံတွင်းမလိုက်တော့တာကို သိရဲ့လား။
(၁၄) သင့်လျှာမှာ ဘယ်သူနဲ့ မှမတူတဲ့ ဗွေ(Print) ရှိတယ်ဆိုတာ သိပါသလား။
(၁၅) သင့်ခန္ဓာဟာ ခံစားချက်နဲ့ ငိုကြွေးတတ်တဲ့ တစ်ခုတည်းသော အရာဆိုတာ သင်သိပါသလား။
(၁၆) သင့်ရဲ့ နောက်ကျောဖက်ဟာ သင့်ခန္ဓာကိုယ်ထဲမှာ အရှည်ဆုံး ကြွက်သားဆိုတာ သိရဲ့လား။
(၁၇) သင့်လက်ရဲ့ ကြံ့ခိုင်မှုတဝက်ဟာ သင့်ရဲ့ လက်သန်းလေးထဲမှာ ရှိတယ်ဆိုတာ သင်သိရဲ့လား။
(၁၈) သင့်ရဲ့ အူတွေဟာ သင့်အရပ်ထက် ၄ ဆရှည်တယ်ဆိုတာ သိပါရဲ့လား။
(၁၉) သင့်ခန္ဓာက အာရုံ ၅ ပါးမက ပိုတယ်ဆိုတာ သိရဲ့လား။
(၂၀) သင့်ရဲ့ ကိုယ်နေဟန်ထားအခြေအနေ(ထိုင်တာ၊မတ်တတ်ရပ်တာစသည်)က သင့်မှတ်ဉာဏ်ပေါ်
အကျိုးသက်ရောက်စေတယ်ဆိုတာ သိပါရဲ့လား။
ကဲမိတ်ဆွေ၊အင်မတန်ဆန်းကြယ်တဲ့ ဒီခန္ဓာကိုယ်ကြီးမှာ နောက်ထပ်ဆန်းကြယ်ဆုံး အရာတစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ ဗုဒ္ဓဘာသာဝင်တွေဟာ ဘဝတွေ အကြိမ်ကြိမ်အခါခါလှည့်ပတ် ပြောင်း လဲနေကြရတဲ့ သံသရာ စက်ဝန်းထဲက ထွက်ဖို့လမ်းကိုလည်း ဒီခန္ဓာကိုယ်ကြီးမှာပဲရှာ ဖွေကြတယ်ဆို တာပါပဲ။ ဗုဒ္ဓအပါ အဝင် သူတော်စင် တွေက ဒီလမ်းဆုံးကို တွေ့ရှိသွားခဲ့ကြပြီးဖြစ်သလို ဒီလမ်းကို ရှာဖွေလျှောက်လှမ်းနေဆဲလူတွေလည်း များစွာပါပဲ။ နောက်ထပ်အ ထူးဆန်းဆုံး တစ်ခု ကတော့ သံသ ရာမှလွတ်မြောက်နိုင်တဲ့ ဒီလမ်းမျိုး ဒီခန္ဓာမှာရှိတယ်ဆိုတာကို သိတာကလည်း ဗုဒ္ဓရဲ့ ဓမ္မသာ ဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်။

Ref: BESTLIFE

Leave a comment

Your email address will not be published. Required fields are marked *